ထိုင်း ပြည်ဝင်ခွင့်ဗီဇာ ခြောက်လ သက်တမ်းရရှိမည်



25.9.2015

ထိုင်းနိုင်ငံအတွင်းသို့ အဝင်အထွက် အကြိမ်ကြိမ် ပြုလုပ်နိုင်သည့် ခရီးသွားဗီဇာ၏ သက်တမ်းကို ခြောက်လအထိ တိုးမြှင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကားလျက် Asia Correspondent သတင်းတစ်ရပ်က ဖော်ပြထားသည်။

မကြာမီ လာတော့မည့် ASEAN အသိုက်အဝန်းနှင့် ထိုင်းခရီးသွားလုပ်ငန်းကို တိုးမြှင့်ရန် အတွက် အကြိမ်
ကြိမ် ပြည်ဝင်နိုင်သော ဗီဇာစနစ်ကို ချပေးတော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန Facebook
စာမျက်နှာက ဖော်ပြထားသည်။

၂၀၁၄ မေလပိုင်းတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းတွင် စစ်အစိုးရက ပြည်ဝင်ခွင့်များကို တင်းကျပ်ခဲ့သည်။

ယခုကဲ့သို့ ဖြေလျှော့ပေးမှုသည် မူဝါဒပိုင်းဆိုင်ရာ ဂငယ်ကွေ့ ပြန်ကွေ့သွားခြင်း ဖြစ်သည်ဟု ယင်းသတင်းက ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ ၁၃၉ ဒေါ်လာ ကျသင့်နိုင်မည့် ယင်းဗီဇာကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်
ရရှိနိုင်တော့မည် ဖြစ်သည်။
ထိုင်းနိုင်ငံ၏ အဆိုပါ ၆ လ ခရီးသွားဗီဇာကို မည်သည့်နိုင်ငံခြားသား မဆို လျှောက်ထားနိုင်သည်ဟု
ယင်းကြေညာချက်က ဖော်ပြထားသည်။

ယင်းခရီးသွားဗီဇာ ကာလရှည် သတ်မှတ်ပေးမှုကိစ္စကို သြဂုတ်လကတည်းက သတင်းထွက်ခဲ့သော်လည်း အစိုးရက ယခုသီတင်းပတ်တွင် အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အနေအထားတွင် ခရီးသွားဗီဇာများ အနေနှင့် ရက်ပေါင်း ၆၀ သာ ရရှိပြီး ရက်ထပ်တိုးလိုပါက တိုင်းပြည်မှ ပြန်ထွက်သွားခြင်း သို့မဟုတ် ဒေသခံ လူဝင်မှုကြီးကြပ်ရေးရုံး များတွင် သက်တမ်း တိုးခြင်းတို့ကို
 ပြုလုပ်ရလေ့ရှိသည်။

ယခုအခါ ထိုင်းသို့ လာရောက်လည် ပတ်နေထိုင်ကြသည့် နိုင်ငံခြားသားများ အနေနှင့် ၆လ ဆက်တိုက်
 နေထိုင်နိုင်ပြီး ဗီဇာသက်တမ်းတိုး ရရှိရန် နှစ်လတစ်ခါ ပြည်ပကို စတေးရှောင် ထွက်နေရခြင်းတို့ ပြုလုပ်
ရန် မလိုအပ်တော့ပေ။

ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အဓိကဝင်ငွေများထဲမှ တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ် နောက်ပိုင်းတွင်
 ယင်းကဏ္ဍမှ ဝင်ငွေ သိသာစွာ ကျဆင်းခဲ့သည်။

The Voice Weekly
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment