နှစ်နိုင်ငံနယ်စပ်၌ မောင်းသူမဲ့လေယာဉ်ကို တောင်ကိုရီးယား သတိပေးပစ်ခတ်


.
ဆိုးလ် ၊ ၁၄-၁-၂၀၁၆
.
တောင်ကိုရီးယား အစိုးရသည် တောင်- မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီးရှိ လေပိုင်နက်၌ အမည်မသိ မောင်းသူမဲ့ လေယာဉ်တစ်စင်းကို ဇန်နဝါရီ ၁၃ ရက်တွင် သတိပေး ပစ်ခတ်မှုများ လုပ်ဆောင် ခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
.
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် သတိပေးပစ်ခတ်ခံရပြီး နောက် နိုင်ငံနယ်စပ်မှ မြောက်ဘက်သို့ ပြန် လှည့် သွားခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ထားသည်။
.
တောင်ကိုရီးယား တပ်ဖွဲ့ဝင်များသည် မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်ဟု သံသယရှိသည့် ၄င်းလေယာဉ်ကို အကြိမ်ပေါင်း ၂ဝ ခန့်သတိပေး ပစ်ခတ်ခဲ့ကြောင်း ယွန်ဟပ် သတင်းအေဂျင်စီ က ထုတ်ပြန်ထားသည်။
သို့သော် တာဝန်ရှိသူများသည် ယင်း မောင်းသူမဲ့ လေယာဉ်အား အကြိမ်မည်မျှ ပစ်ခတ်ခဲ့သည်ကို ပြောကြားထားခြင်း မရှိကြောင်း သိရသည်။

Pyi Chit Thar
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment