NCA လက်မှတ်မရေးထိုးသော လက်နက်ကိုင်အဖွဲ့များ ညီလာခံ ကေအင်န်ယူဒုဥက္ကဋ္ဌ တက်ရောက်

ကေအင်န်ယူဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် NCA လက်မှတ်မရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ သီးသန့်ညီလာခံသို့ တက်ရောက်လာစဉ်(ဓာတ်ပုံ-စိုင်းဇော်)

ကေအင်န်ယူဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာ ချုပ်(NCA) လက်မှတ်မရေးထိုး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များ သီး သန့်ညီလာခံသို့ တက်ရောက်လာ သည်။

ကရင်အမျိုးသားအစည်းအ ရုံး(ကေအင်န်ယူ)ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ် ဖွဲ့သည် ပြီးခဲ့သည့်လက နေပြည် တော်တွင် အစိုးရနှင့် NCA လက် မှတ်ရေးထိုးခဲ့ရာ၌ နော်စီဖိုးရာ စိန်တက်ရောက်လက်မှတ်ရေး ထိုးခဲ့ခြင်းမရှိဘဲ ၎င်း၏ရပ်တည် ချက်ကို ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းထံ စာရေးသားပေးပို့ ရှင်းလင်းခဲ့သူဖြစ်သည်။

လတ်တလောအခြေအနေ တွင် တစ်စုံတစ်ရာဖြေကြားမှုမပြု နိုင်သေးကြောင်း ညီလာခံမစတင် မီ အောက်တိုဘာ ၃၁ ရက်ညနေ က ‘ဝ’လက်နက်ကိုင်အဖွဲ့ဌာန ချုပ်တည်ရှိရာ ပန်ဆန်း(ပန်းခမ်း) သို့ ရောက်ရှိလာသည့် နော်စီဖိုး ရာစိန်က ပြောသည်။

ညီလာခံကို အိမ်ရှင်အဖြစ် ကျင်းပသူ ‘ဝ’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ/တပ်မတော် (UW SP/UWSA)အနေဖြင့် NCAမရေး ထိုးသည့်အဖွဲ့ ၁၁ ဖွဲ့ကိုသာဖိတ် ကြားခဲ့ရာ ကေအင်န်ယူကို မဖိတ် ကြားခဲ့ဘဲ ကရင်အမျိုးသား ကာ ကွယ်ရေးတပ်မတော် (KNDO) ကိုသာ ဖိတ်ကြားခဲ့သည်။ ယင်း နောက် နော်စီဖိုးရာစိန်နှင့်အတူ KNDO မဟာမိတ်ဆက်ဆံရေး တာဝန်ခံ စောဒေးဗစ်သာကပေါ တို့ တက်ရောက်လာကြခြင်းဖြစ် သည်။


KNDO သည် ကေအင်န်ယူ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြ လက်ထက်က ၎င်း၏အားထားရ သော စစ်ရေးတောင်ပံဖြစ်ခဲ့ပြီး ဗိုလ်ချုပ်မြမရှိသည့်နောက်ပိုင်း ကေအင်န်ယူ၏ စစ်ရေးတောင်ပံ အဖြစ် KNLA ကို သတ်မှတ်လာ ခဲ့သည်မှာ ယခု လက်ရှိဥက္ကဋ္ဌ စောမူတူးစေးဖိုး လက်ထက်အထိ ဖြစ်သည်။

နော်စီဖိုးရာစိန်သည် ပြီးခဲ့ သည့်မေလက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပန်ဆန်းညီလာခံသို့ လည်း တက်ရောက်ခဲ့ပြီး ယခု အကြိမ်တက်ရောက်လာရာတွင် လည်း ခေါင်းဆောင်များမိတ် ဆက်ပွဲ၌ KNDO အနေဖြင့် မိတ်ဆက်ခြင်းမပြုလုပ်ဘဲ ၎င်း ကိုယ်၎င်း ကေအင်န်ယူဒုဥက္ကဋ္ဌ အဖြစ်သာ မိတ်ဆက်ခဲ့သည်။

စက်တင်ဘာ ၉ ရက်၌ နေ ပြည်တော်၌ သမ္မတနှင့်တိုင်းရင်း သားခေါင်းဆောင်ကိုးဦးတို့တွေ့ ဆုံပွဲအပြီးတွင် ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့်  သတင်း ထောက်များတွေ့ဆုံခဲ့ရာ ၎င်း၏ အဖွဲ့အတွင်း အကွဲအပြဲ ရှိ၊ မရှိ မေးမြန်းကြရာ ၎င်းက ငြင်းဆိုခဲ့ခြင်းမရှိပဲ။  သဘောထားအမျိုး မျိုးရှိတတ်သည်ကို ညှိနှိုင်းအဖြေ ရှာကြပါသည်ဟူ၍သာ ဖြေကြားခဲ့သည်။

ပန်ဆန်းညီလာခံကို နိုဝင် ဘာ ၁ ရက်မှစတင်၍ သုံးရက်ကြာပြုလုပ်ရန်စီစဉ်ထားသည်။ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လာမည့်ရက်ပိုင်းအ တွင်း ပြုလုပ်တော့ မည့် ရွေး ကောက်ပွဲ အပေါ် သဘောထား၊ နောက်တက်လာမည့်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး စသည် တို့ကို အဓိကထားဆွေးနွေးကြ မည်ဟု ဆိုသည်။

7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment