တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသား
လက်နက်ကိုင် ၇ ဖွဲ့တို့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီ လက်နက်ကိုင် ၇ ဖွဲ့ အခြေပြုလှုပ်ရှားတဲ့ဒေ
သတွေက တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းမှုနဲ့အတူ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုတွေကို ပါ လက်တွေ့ခံစားရတော့မှာဖြစ်
ပါတယ်။ ဒါပေမယ့် NCA လက်မှတ်မထိုးတဲ့ လက်နက်ကိုင်တွေကြီးစိုးတဲ့ နယ်မြေဒေသမှာ နေထိုင်တဲ့တိုင်းရင်းသားတွေ
အတွက်တော့ တကယ်စိတ်မကောင်းပါဘူး။ အဓိက ကတော့ NCA မှာ လက်မှတ်ထိုးခွင့်ရရက်သားနဲ့ ငြင်းပယ်ခဲ့တဲ့
လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ဆင်ခြင်ဥာဏ်ကင်းမဲ့မှု ကြောင့် အခွင့်အရေး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
NCA ထိုးမယ့်အဖွဲ့တွေဟာ အတိတ်ကို ပြည်ဖုံးကားချပြီး ပစ္စုပ္ပန်မှာ အသိမှန်အတွေးမှန်စွာ ဆုံးဖြတ်နိုင်ခဲ့တယ်၊ အနာဂတ်
မှာ မတရားအသင်းပယ်ဖျက်ခံရမှုနဲ့အတူ ဒေသဖွံ့ဖြိုးရေးတွေ ပိုမိုလုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ လက်မှတ်ထိုးမယ့်
လက်နက်ကိုင် ၇ ဖွဲ့ကို NCA မချုပ်ဆိုမီ ၃ ရက်အလိုမှာ မတရားအသင်းကနေ ပယ်ဖျက်ပေး မယ်လို့ အစိုးရက
တရားဝင်ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ ကောင်းတဲ့လမ်းကို ရွေးချယ်ခဲ့ကြတဲ့ လက်နက်ကိုင် ၇ ဖွဲ့အပေါ် ကြိုဆိုမိသော်
လည်း မိုက်မဲတဲ့အတွေးအခေါ်တွေနဲ့ အမြင်မှန်မရသေးတဲ့ လက်နက်ကိုင်တွေကိုလည်း သနားမိပါတယ်။ သူတို့ရဲ့နိဂုံး
ဟာ မလှနိုင်ပါဘူး။ လက်မှတ်မထိုးတဲ့အဖွဲ့တွေထဲမှာ KIO/KIA က ထိပ်ဆုံးက ပါဝင်နေပါတယ်။ KIO/KIA လက်မှတ်
မထိုးတော့ အဲဒီအဖွဲ့ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ UNFC ကလည်း NCA နဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်
ချက်တွေ လုပ်လာတာတွေ့ရပါတယ်။
UNFC ကြေညာချက်ထဲမှာပါတဲ့ အကြောင်းအရာကိုပဲ ပြန်ပြောလိုက်ချင်ပါတယ်။ ခေတ်အဆက်ဆက် တိုင်းရင်း သား
လက်နက်ကိုင်တွေအနေနဲ့ သဘောထားစေတနာ မမှန်ကန်လို့ ဒီနေ့ထိတိုင် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်တွေ
ဆက်လက်ဖြစ်ပွားနေရတာဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့ အခွင့်အရေးပေးခဲ့
တာပဲလေ။ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး NCA မှာလက်မှတ်မထိုးတာဟာ ပြည်တွင်းစစ်ကို ဆက်လက်ရှည်
ကြာအောင် ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ မှန်ပါတယ်။ UNFC ဆိုတာ စတင် သန္ဓေတည်ကတည်းက ကိုယ်ကျိုးစီးပွား
တည်မြဲဖို့နဲ့ ရာထူးအာဏာတည်တံ့ဖို့အတွက် ဖြစ်ပါတယ်။ NCA မှာ လက်နက်ကိုင်အားလုံးမပါဝင်တဲ့အတွက် KIO/KIA
အပါအ၀င် တချို့လက်နက်ကိုင်တွေက မထိုးတာလို့ UNFC က ထောက်ခံထားပါတယ်။ လက်နက်ကိုင်အားလုံးစိတ်တူကို
ယ်တူထိုးမှ NCA ချုပ်ဆိုရမယ်ဆိုရင် လက်ရှိ အစိုးရလက်ထက်မပြောနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတဲ့အထိ
အောင်မြင်မှာ မဟုတ်ပါဘူး။
အဓိက ကတော့ လက်နက်ကိုင်အချင်းချင်း မညီညွတ်မှုနဲ့တိုင်းပြည်အပေါ် တချို့လက်နက်ကိုင်တွေရဲ့ မရိုးသား မှုကြောင့်
ပါ။ UNFC ဥက္ကဋ္ဌက အင်ဘန်လ ပါ။ အင်ဘန်လ က အခြားလက်နက်ကိုင်တွေကိုချုပ်ကိုင်ပြီးKIO/KIA ရဲ့ အာဘော်တွေ
အတိုင်း UNFC ကို ပုံသွင်းခဲ့တာ ဖြစ်ပါတယ်။ UNFC စတင်ဖွဲ့စည်းခဲ့တဲ့ရည်ရွယ်ချက်ကိုက မကောင်းတာပါ။ လက်ရှိ
၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲဖို့၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ် တပ်မတော်ထူထောင်ရေး အသံပေးနေ
တာ ခုချိန်ထိအောင်ပါပဲ။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး NCCT ကိုဖွဲ့လိုက်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင်ပြီး
အစိုးရအကြပ်အတည်းတွေ့အောင် အမြဲတမ်းကြံစည်ခဲ့တာ ဖြစ်ပါတယ်။ UNFC ဥက္ကဋ္ဌ အင်ဘန်လ ရဲ့မူဝါဒတွေအပေါ်
လက်မခံနိုင်တဲ့ KNU အဖွဲ့က အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် UNFC ရဲ့စေ
တနာမမှန်မှုကြောင့် လက်နက်ကိုင်တွေ စည်းလုံးမှု ပြိုကွဲခဲ့တာပဲဖြစ်ပါတယ်။
UNFC ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးမပါဝင်ပါဘူး။ UWSA၊ NDAA ၊ RCSS/SSA တို့လို အင်အား ကြီး
လက်နက်ကိုင်အဖွဲ့တွေ မပါဝင်သလို KNU ကလည်း နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ UNFC မှာ အင်အား ကြီးတာဆိုလို့
KIA တစ်ဖွဲ့ပဲ ကျန်ပါတယ်။ လူနှစ်ယောက်တစ်ပိုင်းနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ငယ် လေးတွေသာ ကျန်နေတဲ့
UNFC မှာ KIA ကပဲ ချယ်လှယ်နေတာ မြင်သာပါတယ်။ အခု လက်မှတ်ထိုးတဲ့ အဖွဲ့ တွေဟာ KNU ဥက္ကဋ္ဌ မူတူးစေးဖိုး
ဦးဆောင်တဲ့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ကို အားပြုထားတာ ဖြစ်ပါတယ်။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေဟာ KIA ရဲ့ထိန်းချုပ်
မှုကို ခံလိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။ လက်နက်ကိုင်အုပ်စု နှစ်စုကွဲသွားတာတောင် UNFC က လက်
မှတ်မထိုးတဲ့ဘက်ကို လိုက်ပြီး သဘောထား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
UNFC သာ စေတနာမှန်ခဲ့တယ်ဆိုရင် တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကို တကယ်လိုးလားခဲ့တယ်ဆိုရင် မြန်မာ ပြည်မှာ
ဌာနချုပ်ဖွင့်ပြီး အရည်အချင်းရှိရှိရပ်တည်ရမှာ ဖြစ်ပါတယ်။ အခုတော့ တိုင်းတစ်ပါးက ပေးစာကမ်းစာ စားပြီး ဖက်ဒ
ရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး တစာစာအော်နေတာကတော့ လူတိုင်းလုပ်တတ်တဲ့
အလုပ်ဖြစ်ပါတယ်။ ဘာမှအရည်အချင်းမရှိဘဲ သူခိုး ဓါးပြ သူပုန်အဖွဲ့သာသာ လက်နက် ကိုင်ခေါင်းဆောင်တချို့က
မတန်မရာအလှည့်ကျ ကာကွယ်ရေးဦးစီးချုပ်လုပ်ဖို့တောင် စိတ်ကူးနေကြလေတော့ ရှက်တတ်ရင် လဲသေဖို့ကောင်းပါ
တယ်။ ကိုယ့်သဘောနဲ့ကိုယ် တောခို၊ ကိုယ့်သဘောနဲ့ကိုယ် အဖွဲ့အစည်း ထူထောင်၊ ကိုယ့်ဘာသာကိုယ်ယူထားတဲ့ ရာ
ထူးတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့မတဲ့လား။ ဖက်ဒရယ်တပ်မ တော်ကို အလှည့်ကျအုပ်ချုပ်ချင်သတဲ့လား။ တိုင်းပြည်
အတွက် ဘာကောင်းကျိုးမှ မပြုတဲ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း လက်နက်ကိုင်တချို့ မပါဝင်အောင် လှုံ
့ဆော်သွေးခွဲခဲ့တဲ့ UNFC ကို မရိုးသား စေတနာမမှန်တဲ့ အဖွဲ့အဖြစ် သတ်မှတ်ပြီး မြန်မာ့နိုင်ငံရေးနဲ့ငြိမ်းချမ်းရေး အသိုင်း
အ၀ိုင်းကနေ အပြီးတိုင် ဖယ်ရှားသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
ဇော်ကိုမြင့်
0 comments:
Post a Comment