RCSS အဖွဲ့၏ NCA လက်မှတ်ရေးထိုးခြင်းအပေါ် မှားယွင်းရေးသားသည့် RFA အင်္ဂလိပ်သတင်းထောက်နှင့်စကားပြန်သူနှစ်ဦးကို အသိပေးခြင်း
11.10.2015
RFA Webside မှ အင်္ဂလိပ်ဘာသာဖြင့် အောက်တိုဘာလ ၇ ရက်နေ့တွင် ထွက်ရှိသည့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ NCA ပါအချက်အတိုင်းလက်နက်ချမည် ဟုရေးသားခြင်းသည် မဟုတ်မမှန်ရေး သားခြင်းသာဖြစ်ကြောင်း။
အောက်တိုဘာလ ၇ ရက်နေ့ တွင် Khet Mar မှဘာသာပြန်ပေးပြီး Joshua Lipes ရေးသားသည့် အင်္ဂလိပ်ဘာသာတွင် RCSS/SSA မှ NCA ပါအချက်အတိုင်း လက်မှတ်ရေးထိုးပြီးနောက်ပိုင်း လက်နက် ချမည် ဟု ရေးသားခြင်းသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို သိက္ခာကျအောင်လုပ်နေခြင်း သာဖြစ်သည်။
NCA ကိုသဘောတူလက်မှတ်ထိုးရခြင်းမှာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် အတွက် အခြေခံအုတ်မြစ်ဖြစ် သည်ဟု မြင်တွေ့ခြင်းကြောင့်သာ လက်မှတ်ရေးထိုးရန် သဘောတူရခြင်းဖြစ်ပြီး လက်နက်ချရန်အတွက် ရည်ရွယ်ချက်မရှိခဲ့ကြောင်း။
နိုင်ငံတစ်နိုင်ငံတွင် စစ်တပ်တစ်ခုထဲသာရှိသင့်သည်ဟု ဦးအောင်မင်းပြော ဖူးသော်လည်း အမှန်တကယ် လက်နက်ချရမည်ဆိုလျှင် တိုင်းရင်းသားအဖွဲ့ များသာ လက်နက်ချရမည်မဟုတ် အစိုးရတပ်မတော် ဘက်လည်းလက်နက် ချရ မည်ဖြစ်သည်။နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်ခုထဲဖြစ်ရန်အတွက် ဆိုလျှင် တိုင်းရင်းသားအားလုံးပါဝင်သည့် စစ်တပ်အသစ်ကိုပြန်လည်ထူထောင်မှသာ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွက်လာမည်ဖြစ်သည်ဟုလည်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ပြောခဲ့ဖူးသည်ဖြစ်သည်။
ဒါကြောင့် RFA သတင်းဌာနမှ အင်္ဂလိပ်ဘာသာရေးသားသူ Joshua Lipesနှင့်အင်္ဂလိပ်ဘာသာ စကားပြန်ပေးသူ Khet Mar တို့နှစ်ဦး မှာ ပြည်သူများ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အပေါ်အထင်လွှဲအောင်ရေးသားခြင်းကို ပြန်လည်ဖြေရှင်းပေးရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီမှ အသိပေးလိုက်ပါသည်။
#Tai Freedom
0 comments:
Post a Comment