မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး နိုင်မှုကို နော်ဝေကြိုဆို



16.10.2015

မြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့ အကြား အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ရေးထိုးနိုင်မှုကို နော်ဝေနိုင်ငံက ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

ယခုပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုး ပွဲသည် ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်မှု အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းနှင့် နော်ဝေနိုင်ငံ အနေဖြင့် နောက်ထပ် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပွဲ များကို လည်း ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ဘော့ဂ်ျဘရန်းဒ် က ပြောကြား ထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး သည့် အဖွဲ့များ အနေဖြင့် ပေးအပ်ထားသည့် ကတိကို တည်မြဲအောင် လုပ်ဆောင်ရန်နှင့် ယခုအချိန် တွင် လက်မှတ် ရေးထိုးခြင်း မရှိသည့် အဖွဲ့များ အနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးရန် တိုက်တွန်းကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် ယခုပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်သည် နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်း စစ်ကို အဆုံးသတ် စေပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရရှိစေရန် အတွက် အထောက်အကူ ပြုမည်ဟု နော်ဝေနိုင်ငံက မျှော် လင့်ကြောင်း ဘော့ဂ်ျဘရန်းဒ် က ထပ်လောင်း ပြောကြားခဲ့ သည်ဟု သိရသည်။

PyiChitThar
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment