သျှမ်းလူမျိုးသာဖြစ်သည့်အတွက် သျှမ်းခြင်္သေ့ပါတီဖြင့် ကွန်ဟိန်းမြို့၌မဲဆွယ်စည်းရုံးနေ
6.10.2015
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ေ ရးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP ပါတီဝင် သျှမ်းလူမျိုးများ ကိုယ်စားလှယ်လောင်း များသည် သျှမ်းခြင်္သေ့ပါတီ အမည်ဖြင့် မဲဆွယ်စည်းရုံးနေ သည်ဟု သိရသည်။
အဆိုပါ သျှမ်းခြင်္သေ့ပါတီ အဓိပ္ပါယ်ရှိ သျှမ်းနာမည် ပုꨲတီꨲသꨤင်ꨲသီꨳတꨯး အား ကွန်ဟိန်းမြို့ မြို့လယ် တွင် လည်းကောင်း၊ ကာလိမြို့ တွင်လည်းကောင်း မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် ထောင်ထားသည်ဟု ဒေသခံများကပြောသည်။
“ဘာရယ်တော့မဟုတ်ဘူး။ ဒီပါတီထဲမှာလဲ သျှမ်းလူမျိုးတွေကြီးဘဲလေ။ သျှမ်းလူထုတွေ လွယ်လွယ် သိရအောင် မိမိသဘောအရ သျှမ်းခြင်္သေ့ပါတီ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာပါ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ မနိုင်ဘူးဖြစ်စေ လူထုအကျိုးပြုလုပ်ငန်းတွေတော့ လုပ်နေမှာဘဲ၊ ကျားဖြူမှာကော၊ ကျားခေါင်းမှာကော ကျနော်တို့ရဲ့ တူ၊ တူမတွေ သားသမီးတွေ ပါဘဲ” - ဟု ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ဦး စိုင်းနု ကပြောသည်။
“ဒီကိစ္စက နားမလည်ဘူး၊ အထက်က အမိန့် နဲ့ဘဲလုပ်တယ်ထင်တယ်။ ဘာလို့လဲ ဆိုတော့ ဒီမှာဘဲ လုပ်တာမဟုတ်ဘူး။ တခြားမြို့မှာလဲ ဒီလိုလုပ်တယ်ကြားတယ်” - ဟု ပြည်ခိုင်ဖြိုးပါတီဝင်တဦး ကပြောသည်။
ကွန်ဟိန်းမြို့နယ်တွင် အဓိက ယှဉ်ပြိုင်ရမည့်ပါတီများမှာ ခြင်္သေ့ပါတီ အမည် ရ ပြည်ထေင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ USDP ၊ခွပ် ဒေါင်းပါတီ အမည် အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ SNDP၊ ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ် SNLD တို့ အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည့်သည်။
ထို့ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်လည်း သျှမ်းခြင်္သေ့ အမည်ဖြင့် စည်းရုံးရေးဆင်းနေခြင်းဖြစ်သည်ဟု သိရပါသည်။
သျှမ်းသံတော်ဆင့်
0 comments:
Post a Comment