အသိမ်းခံလယ်မြေများပြန်လည်ရရှိရေး သျှမ်းပြည်နယ်အစိုးရထံ မိုင်းပန်လယ်သမားများ တောင်းဆို









6.10.2015

ဒေသခံလူထု၏ လယ်ယာမြေများကို နှစ်ရှည်လများသိမ်းဆည်းထား ပြီး မြေပိုင်ရှင်ကိုလည်း လယ်ယာ လုပ်ခွင့်မပေးသည့်အပေါ် ပြန်လည်စီစစ်ပြီး လယ်ယာပြန်လုပ်စားခွင့်ပေးရန်အတွက် မိုင်းပန်လူထု စုပေါင်းလက်မှတ်ေ ရးထိုးကာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ယမန်နေ့က စာတင်ပေးခဲ့သည်ဟု သိရသည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် လယ်မြေအသိမ်းခံရ နမ့်တင်းအုပ်စုသားများ ၅၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး ကာ တောင်ကြီး မြို့ သျှမ်းပြည်နယ်အစိုးရရုံးသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး ၊ ပြည်နယ်လွှတ်ေ တာ် ကိုယ်စားလှယ် ဦးစိုင်းမိုးကြည် နှင့် စိုင်းအောင်ခမ်း၊ မိုင်းပန်မြို့ နယ် ထွေအုပ်ရုံး၊ လယ်ယာမြေစီမံခန့်ခွဲရေး၊ ကြေးပိုင်နှင့်မြေစာရင်းအစရှိ ဌာနအသီးသီးသို့ ပေးပို့တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
“အခုလက်လှမ်းမီနိုင်သလောက် လက်မှတ်ထိုးတောင်းဆိုတဲ့ လယ်ရှင် ၅၂ ယောက်ပေါ့။ လက်မှတ် မထိုးရသေးတဲ့ လယ်အသိမ်းခံရတဲ့သူတွေ ရှိသေးတယ်။ ၂၀၀၀ ခုနှစ်မှာအမြောက်တပ်လာ ဆောက် တယ်။ ၃၈၅ မိုင်းပန်အမြောက်တပ်ပေါ့နော်။ ရွာလူထုကို မြို့တက်နေခိုင်းတယ်။ လွယ်နွဲ့ရွာသား တွေ ရဲ့ မြေ တွေ ကို သိမ်းလိုက်တယ်။ မြို့သစ်တည်ဖို့ ။ အခု ပြန်တောင်းတဲ့လယ် တွေက ဟိုဟွေ့ကနေ မိုက်နျု လုံကိန်ရွာအထိ ဧက ၅၀၀ ကျော်လောက်ရှိမယ် ။ ဧက ၁၀၀၀ မပြည့်လို့ သူတို့မြို့သစ် မတည်ဖြစ် လိုက်ဘူးလေ။ အဲဒီလယ်မြေတွေအလွတ်ထားနေမယ့်အစား ပိုင်ရှင်တွေကို အနှောင်အဖွဲ့ မရှိ လွတ်လွတ်လပ်လပ် ပြန်လုပ်စား နိုင်အောင် ပြန်ပေးပါ လို့ လယ် သမား တွေက စာတင်တောင်း ဆိုတာ။” ဟု စိုင်းနွံကပြောသည်။
၂၀၁၃ ခုနှစ်က မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာ ပါတီစုံနှင့် လူထုအား ခေါ် ယူပြီး လွယ်နွဲ့ရွာသူရွာသားများအား အမြောက် တပ်ရှေ့ရှိ အဆိုပါလယ်မြေများတွင် လယ် လုပ်ခြင်း မပြုရန် ရွာလူကြီးကနေ တဆင့် စာပေးပို့တားမြစ်လိုက်ခြင်းဖြစ်သည်။
“အခုအဲ့ဒီနေရာကမြေတွေဟာ ကုမ္မဏီကလာပြီး သုန္နရီတော်ဝင်ဆောက် လုပ်ရေးကုမ္မဏီ က အဆောက် အဦး လာဆောက်ထားတယ်။ နတလရုံး ဆိုပြီးတော့လေ။ ရွာသားတွေဆီက သိမ်းယူပြီး စစ်တပ်ကမသုံးတော့တဲ့ လယ်မြေတွေရွာသားတွေကိုပြန်ဝေငှပေးဖို့ မိုင်းပန်မှာစာတင်တောင်းတာ ထိရောက်မှုမရှိဘူး။ အဲတာကြောင့် ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကို ရည်မှန်းပြီး အခုစာတင်တာ။ ကျနော်တို့မိဘဘိုးဘွားစဉ်ဆက်ကတည်းကလုပ်လာတဲ့မြေ။ စစ်တပ်က သိမ်းဘဲသိမ်းနေရင် ကျနော်တို့ ဘယ်မှာသွားလုပ်စားတော့မှာလဲ။ ထိုင်းကိုဘဲဆက်ပြီးထွက်ပြေးနေ ရတော့ မှာလား။ အဲတာကြောင့် လူထုမြေ ယာ သိမ်းဆည်းနေမှုကို ရပ်တန့်ပါ။ ပြန်ပေးပါ။ တခြားဒေသ က လယ်မြေ အသိမ်းခံရသူတွေ ကိုလည်း အားပေးချင်တယ်။ မကြောက်ကြပါနဲ့ ပြန်ေ တာင်း ပါ။” - ဟု လယ်မြေအသိမ်းခံရ ဦးစိုင်းစိုင်းက လည်းပြောသည်။
ရွာသားများမှ စုပေါင်းလက်မှတ်ထိုးထားသည့်စာကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် ထံတိုက်ရိုက် စာပေးပို့ကြောင်း၊ သုန္နရီတော်ဝင်ကုမ္မဏီမှ တည်ဆောက် ထားေ သာ နတလ အဆောက်အဦး တည်ရှိရာလယ်မြေနေရာတွင်လည်း လယ်ပိုင်ရှင်များက လယ်ယာမြေစီမံခန့်ခွဲရေး မိုင်းပန်မြို့သို့ တိုက်ရိုက် စာ တင် ထားပြီး မိတ္တူကို ကုမ္မဏီ ကိုသို့လည်း ပေးပို့ကြောင်း လယ်သမားများ ကပြော သည်။
စစ်တပ်မှ သိမ်းယူထားသော ဒေသခံများ၏ လယ်ယာမြေများအား အသုံးမပြု ပါ က ပိုင်ရှင်ထံပြန်လည်အပ်နှံပေးရ န်လည်း သမ္မတကြီးဦးသိန်းစိန် က ပြောဆိုခဲ့ဖူးပါ သည်။

Panglong(Burmese)
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment