စစ်ရာဇ၀တ်သက်သေများကို ဖျက်ဆီးရန် အမေရိကန် တင့်ကား ဆေးရုံအတွင်း ၀င်ရောက်

         အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်ဆေးရုံ အပျက်အစီးများကို ရှင်းလင်းနေစဉ်။


အမေရိကန်ပြည်ထောင်စု လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အာဖဂန် ဆေးရုံထဲက သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ အမေရိကန်တင့်ကားက ကြိုးစားခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက် အာဖဂန်က နယ်စည်းမခြား ဆရာဝန်များရဲ့ ဆေးရုံကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ လူနာ ၁၀ ဦးနဲ့ ဆေးရုံဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီအတွက် ဖြစ်လာနိုင်တဲ့ စစ်ရာဇ၀တ်မှု စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထားတွေကို ဖျက်ဆီးဖို့ ကြိုးစားတာလို့ ဗြိတိန် ဂါးဒီးယန်းသတင်းစာက ရေးပါတယ်။

အောက်တိုဘာ ၁၆ ရက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ထုတ်ပြန်ချက်မှာတော့ တင့်ကားက အမေရိကန်-နေတိုး-အာဖဂန် အသင်းက စုံစမ်းစစ်ဆေးသူတွေကို တင်ဆောင်လာတယ်လို့ အကြောင်းကြားခဲ့ကြောင်း ဆိုပါတယ်။

“ထုတ်ပြန်ခြင်းမရှိတဲ့ အတင်းအကျပ် ၀င်ရောက်မှုကြောင့် ပစ္စည်းတွေနဲ့ အလားအလာရှိတဲ့ သက်သေတွေ ပျက်စီးခဲ့ပြီး ဖိစီးမှုနဲ့ စိုးရွံ့မှုတွေ ဖြစ်စေတယ်” လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

ဒီကျူးကျော်မှုနဲ့ ပတ်သက်ပြီး ပင်တဂွန်က တစုံတရာ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် ဆေးရုံထဲမှာ လူနာနဲ့ ၀န်ထမ်း ၂၀၀ ရှိနေပြီး ၃ ဒါဇင်ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြား ဆရာဝန်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ပြီး စစ်ရာဇ၀တ်မှု ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လူနာတချို့ အိပ်ရာပေါ်မှာ မီးလောင်သေဆုံးနေတယ်လို့ ဆိုပါတယ်။

DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment