နမ့်စန်အခြေစိုက်တပ် ခမရ-၅၁၅ မှ ရွာသားထံ ပစ္စည်းတောင်းယူ


6.10.2015

အစိုးရစစ်တပ် နမ့်စန်အခြေစိုက် ခမရ-၅၁၅ တပ်တို့သည် ဝမ်နောင်အုပ်စု ဟိုင်းအွဲ့ရွာထဲဝင်ရောက်နားခိုပြီး ရွာသားများထံ ဆန် နှင့် ကုန်ခြောက်များ အတင်းအဓမ္မတောင်းယူခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၅-၂၇ ရက်နေ့တို့တွင် နမ့်စန်အခြေစိုက် ခမရ-၅၁၅ တပ်မှ အင်အား ၄၃ ယောက်တို့သည် နမ့်စန်မြို့နယ် ဝမ်နောင်အုပ်စု ဟိုင်းအွဲ့ရွာထဲဝင်ရောက်နားခိုစဉ် ဟိုင်းအွဲ့ရွာသား များဖြစ်သည့် မယ်ထောဝ်အောင်၊လုံးတ၊လုံးစံ၊ လုံးစော၊နန်းသောင်း ၊ပါ့ထွန်း၊ပါ့ဟိန်း၊လုံးလုံ၊ပါ့ညွန့်၊လုံးတ၊ ပါ့နေ၊ပါ့နော် စသည့် ရွာသား၁၂ အိမ်ထံမှ ဆန် ၁၃ပြည်၊ဆီ ၁ပုလင်း၊မြေပဲ ၁ပြည်၊ပဲပုပ်၊လက်ဖက်ခြောက် စသည့် ကုန်ခြောက်ပစ္စည်းများကို အတင်းအဓမ္မတောင်းယူခဲ့ရုံမက ရွာဘုန်းကြီးကျောင်းထံ၌လည်း ဆန် ၄၀ ပြည် နှင့် မီးဖိုချောင်သုံးပစ္စည်း များ တောင်းယူခဲ့ကြောင်း သတင်းရရှိပါတယ်။

ခမရ-၅၁၅ တပ်မှ အတင်းအဓမ္မတောင်းယူမှုကြောင့် ရွာသားများဆုံးရှူံးရသည့် ပစ္စည်းမှာ တန်ဖိုးငွေကျပ် စုစုပေါင်း ၃၁၀၀၀ကျပ် နှင့် ဘုန်းကြီးကျောင်းမှ တန်ဖိုးငွေကျပ် ၅၄၀၀၀ကျပ် စုစုပေါင်း ၇၈၂၅၀ ကျပ် ဆုံးရှူံးခဲ့ရကြောင်း သတင်းရရှိပါတယ်။

ရွာသားများထံ ပစ္စည်းများအတင်းအဓမ္မတောင်းယူရုံတင်မကသေး သူတို့သုံးဖို့ရေကိုလည်း စိုင်းကာလိန်နှင့် လုံးအောင်တို့ ၂ ဦးမှ ထော်လာဂျီ ၂ စီးတိုက်ပေးရသည်ဟု ဒေသခံတစ်ဦးမှ သတင်းပေးပို့ခဲ့ပါတယ်။


‪#‎Taifreedom‬
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment