TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ


 ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် နမ့်ခေးရွာအနီး TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂ ရက်နေ့တွင် ဒေသခံရွာအရပ်သား ၂ ဦး ပြင်းထန်စွာဒဏ်ရာရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

“ရွာနားမှာ ဒေသခံတွေက တောင်ယာလုပ်နေကြတာ၊ အဲဒီနားကို TNLAအဖွဲ့တွေ ရောက်ရှိ လာပြီး သေနတ် တွေနဲ့ အကြောင်းမဲ့ပစ်သွားတာ၊ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် လက်နက်ငယ် ကျည်ထိ မှန်ပြီး ဒဏ်ရာရသွားတယ်၊ ဒါဒဏ်ရာကတော့ပြင်းတယ်၊ ကံကောင်းလို့မသေတာ၊ ပြီးခဲ့တဲ့ရက်ပိုင်းက လမ်းပြုပြင်ဖို့လာတဲ့ယာဉ်ကို သေနတ်နဲ့ပစ်လို့ လမ်းလုပ်သား ၁ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ သွားသေးတယ်၊ သူတို့ရဲ့လုပ်ရပ်ကြောင့် ဒေသခံတွေလည်း စားဝတ်နေရေး အတွက်၊ တောင်ယာအလုပ်တွေ၊ လယ်ယာတွေ၊ ထင်းခုတ်နဲ့ ၀ါးခုတ်တာတွေ မလုပ်ရဲကြဘူးလေ၊ ခရီးသွားလို့လည်း အဆင်မပြေဘူးလေ၊ အသက်အန္တရာယ် စိုးရိမ်နေကြရတာပေါ့၊ ဒီလိုလူတွေရှိနေသရွေ့ ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး၊ ၀မ်းရေး ထက် သူတို့အန္တရာယ်ပြုမှာကို စိုးရိမ်နေရတယ် ’’ ဟု ဒေသခံတစ်ဦးက ပြောပြသည်။ 


TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရှိခဲ့သည့် ဦးသန်းဇော်နှင့် ဒေါ်ခင်ဝင်းလှိုင်တို့အား လိုအပ် သောဆေးဝါးကုမှုသပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများတို့ကို အစိုးရတပ်မှ ပြုလုပ်ပေးပြီး နမ့်ဆန် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသလျက်ရှိကြောင်း သိရှိရသည်။


TNLA အဖွဲ့သည် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် အဖျက်အမှောက်လုပ်ငန်းအား ပိုမိုလုပ်ဆောင် နေသည့်အပြင် လမ်းပြုပြင်နေသည့် လမ်းလုပ်သားများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံ တို့၏လုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့ကို နှောင့်ယှက်ပစ်ခတ်မှုများ နေ့စဉ်ရက်ဆက်ပြုလုပ်လာနေကြောင်း သိရှိရသည်။


ဇက်ဂျာဆိုင်း
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment