အခိုးခံရဦးမယ့် ရွေးကောက်ပွဲ


လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက ၃ ယောက်မှာ ၁ ယောက်က မေးပေးခွင့်မရတာနဲ့ မပေးပဲနေတာ ဖြစ်လာနိုင်တယ်။ သည်အတိုင်းသာဆိုရင် လွတ်လပ်မှုလည်း ကင်းမဲ့ပြီး တရားမျှတမှု လည်းမရှိတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါမယ်။ နိုင်ငံတကာမီဒီယာမှာ အဲတာမျိုးကို အခိုးခံရတဲ့ရွေးကောက် ပွဲလို့ ခေါ်ကြပါတယ်။ (ဥပမာ ၂ဝ၁၃ ကမ္ဘောဒီးယား ရွေးကောက်ပွဲ)

မဲစာရင်းမှတ်ပုံတင်တာကနေစပြီး အဲလိုကြီးမားဆိုးဝါးတဲ့ ပြဿနာကို ဖြစ်လာတာပါ။ အမှန်က ဖန်တီးတာပါ။ ၁၉၉ဝ တုံးက ရွေးကောက်ပွဲရလဒ် အဟောသိကံဖြစ်ခဲ့ရတယ်။ ၂ဝ၁ဝ မှာလည်း တယောက်တည်းပြိုင် တာတောင် ကြိုတင်မဲနည်း သုံးခဲ့တယ်။ အဲတာတွေလည်း အခိုးခံရတာသာ ဖြစ်တယ်။

ကော်မရှင်ဥက္ကဋ္ဌက ၃ဝရာခိုင်နှုန်း (၉.၆ သန်း) ကိုသာ လူသိရှင်ကြား အာမခံထားတယ်။ အဲတော့ မဲပေးနိုင်သူပေါင်း သန်း ၂ဝ ပျောက်နေတယ်။ အစတုံးကတော့ လူတွေကလာပြီး စာရင်းမပေးကြလို့ဆိုပြီး လူတွေကိုအပြစ်ဖို့တယ်။ နောက် နယ်ကော်မရှင်တွေ ကောင်းကောင်း မလုပ်ကြဘူးလို့ ပြောတယ်။ ဒုတိယအကြိမ်ထုတ်တော့ ပိုဆိုးနေတယ်။ သွားစစ်တော့ တွေ့တဲ့အမှားတွေက ဗြောင်းဆန်နေ တာတွေ့ကြရတယ်။ နာမည်မပါတာ၊ မွေးသက္ကရာဇ်လွဲတာ၊ သေဆုံးသူတွေနာမည် ပါနေတာ၊ လူနာမည်မဟုတ်ပဲ လမ်းနာမည်တွေပါနေတာ စသဖြင့်။

ဝေဖန်တာတွေကို ကော်မရှင်က တာဝန်ယူမှုတခုမှ မလုပ်ပဲ ကွန်ပြူတာ ဆော့ဖ်ဝဲလွှဲချနေတယ်။ ဘယ်တိုင်းပြည်မှ အဲလိုကော်မရှင်က တာဝန်မယူကြဘူးလို့ သူများတွေကိုပါ နာမည်ဖျက်သေး တယ်။ သူတို့စာရင်းတွေမှာ အမှားတွေ ပါတယ်လို့ ဝန်ခံချက်ပေးတာဟာ ရိုးသားမှုလို့ ဘာသာပြန်မရပါ။

ရေမပါတာက ရေဗူးပေါက်လို့ပါလို့ စစ်တပ်ထွက်ဥက္ကဋ္ဌ ပြောနေတယ်။

၁၉၉ဝ တုန်းက လူဦးရေ သန်း ၂ဝ ထဲက ၁၅ သန်းမဲပေးနိုင်ခဲ့လို့ ၇၂.၅၉ ရာခိုင်နှုန်း မဲပေးခဲ့တာဖြစ်တယ်။ အဲတာထဲမှာ ပယ်မဲတွေက ၁၂့၃ရာခိုင်နှုန်း ပါခဲ့သေးတယ်။ ၂ဝ၁ဝ ရွေကောက်ပွဲမှာ မဲစာရင်းထဲမှာ တကယ့်မဲပေးခွင့်ရှိတဲ့လူဦးရေထက် ပိုများထားတယ်။ ပြည်သူ့ လွှတ်တော်မှာ ၂၉ သန်းကမဲပေးခဲ့တယ်လို့ ထုတ်ပြန်ပြီး အမျိုးသားလွှတ်တော်မှာ ၂၈ သန်း မဲပေးတယ်လို့ ထုတ်ပြန်ခဲ့တယ်။ အမှန်မဲပေးခွင့်ရှိ သူပေါင်းက ၂၇့၂၉ သန်းသာရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်မှာ ၄၃.ဝ၄ရာခိုင်နှုန်း နဲ့နိုင်တယ်လို့ကြောညာတယ်။ အဲဒီထဲမှာ ၅၈.၄၁ရာခိုင်နှုန်း က ကြိုတင်မဲတွေသာဖြစ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာ ၁၆.၂၆ သန်းနဲ့နိုင်တယ်လို့ဆိုတာထဲမှာ ကြိုတင်မဲ ၂.၇ သန်းပါခဲ့တာဖြစ်တယ်။ အဲတာကြောင့် စုစုပေါင်း ၈၇.၆၂ရာခိုင်နှုန်းနဲ့နိုင်တာ ဖြစ်လာစေခဲ့တယ်။

၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမဲပေးခဲ့သူတွေထဲက ၇၅ ရာခိုင်နှုန်းဟာ လာမယ့် ၂ဝ၁၅ မှာ မဲပေးခွင့်ရှိပါမယ်။ အဲတာက ၂ဝ၁၅ စာရင်းထဲမှာ ၆၅-၇၅ ရာခိုင်နှုန်း ပါမယ်။ အဲတာဟာ ၂ဝ.၈ ကနေ ၂၄ သန်းအထိရှိမယ်လို့ တွက်ချက်ယူနိုင်တယ်။ လူသစ်တွေနဲ့ ပေါင်းရင် ၃၂ သန်းက မဲပေးခွင့်ရှိရပါမယ်။

ကော်မရှင်ဥက္ကဋ္ဌအပြောက ၉.၆ သန်းကိုသာ အာမခံတယ်ဆိုတော့ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ လူထုကြီးဆန္ဒကို ထင်ဟပ်မယ်လို့ မပြောနိုင်ပါ။ မဲပေးခွင့်မရှိသူလို့ သတ်မှတ်ဆုံးဖြတ်ရာမှာ လည်း ရေရေရာရာ တိတိကျကျမရှိပါ။ အခု ရွေးကောက်ပွဲမှာ ကြိုတင်မဲကို ၅ ရာခိုင်နှုန်း လို့ ပြောထားပါတယ်။ အဲတာထက်များမယ်၊ ပယ်မဲက ၁၂ ရာခိုင်နှုန်း ထက်ကျော်လာရင် ရလဒ်က အမှန်ဖြစ်ဖို့ ပိုဝေးစေပါမယ်။

၂ဝ၁ဝ အတွေ့အကြုံအရ လူတွေကပြောနေကြတယ်။ ကောလဟလတွေလည်းပြန့်နေတယ်။ အဆိုးဆုံးဖြစ်နိုင်တာက စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဖြစ်ပါမယ်။ အာဏာပိုင်တွေရဲ့ အကတိလိုက်စားမှုနဲ့ ခရိုနီအင်အားအရ ပဲခူးနဲ့ မကွေးမှာလည်း အနိုင်ရအောင်လုပ်နေသေးပါတယ်။

လက်ရှိဥက္ကဋ္ဌဟာ ၁၉၉ဝ တုန်းက ဥက္ကဋ္ဌလုပ်ခဲ့ရတဲ့ ဦးဘဌေးလို ကြားလူမဟုတ်ပါ။ ဦးတင်အေးဟာ ပြည်ခိုင်းဖြိုး အမာခံဖြစ်ပြီး ဗိုလ်သန်းရွှေမထွက်ခင်က ရွေးပေးထားခဲ့ပြီး လက်ရှိသမ္မတလုပ်နေသူနဲ့ သမ္မတထပ်ဖြစ်ချင်နေသူ ဦးသိန်းစိန်ကနေ ခန့်ထားခဲ့သူဖြစ်တယ်။ အဲတာကြောင့် ဦးတင်အေးပါးစပ်ကထွက်သမျှ သမာသမတ်ကျရမယ့် ရွေးကောက်ပွဲကော်မရှင်ကို ပိုပြီးတန်ဘိုးမဲ့စေတော့တယ်။

ရွေးကောက်ပွဲကော်မရှင်ထဲမှာ စစ်တပ်ကဗိုလ်ချုပ်တွေချည်းသာဖြစ်နေတယ်။ ရွေးကောက်ပွဲ လေ့ လာစောင့်ကြည့်ဘို့ လူအင်အား ၁ သိန်းလိုမယ်။ သမတက မနေ့ကမှ မဲစာရင်းတွေ ကြည့်လုပ်ကြ ဦးလို့ ပြောထွက်တယ်။ အဓိကတော့ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးထွက်ပေးရမယ်။

ဦးတင်အေးဟာ DSA စစ်တက္ကသိုလ်ဆင်း ဖြစ်တယ်။ UMEH ဦးပိုင်လီမိတက်ဥက္ကဋ္ဌလည်း လုပ်ခဲ့သေးတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တံတားဦးကနေအရွေးခံရတယ်။ သူဟာ ကြံ့ခိုင်ရေးပါတီထဲကနေ ၂ဝ၁ဝ သြဂုတ်လထဲမှာဝင်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌလုပ်ဘို့ ၂ဝ၁၁ မတ်လမှာ ထွက်ပါတယ်။ စစ်အစိုးလက်ထက်တုန်းက ဦးတင်အေးဟာ ဗခမက သန်းရွှေ၊ ဒဗခမက မောင်အေး၊ ဗခက ရွှေမန်း၊ ဗခက တင်အောင်မြင့်ဦး (၂ဝ၁၂ မှာ ဒုသမ္မတကနေထွက်ရသူ) နဲ့ ဗခက သိန်းစိန် (လက်ရှိသမ္မတ) တို့ ပြီးရင် စီနီယာအကျဆုံးဖြစ်ပါတယ်။ မသမာတဲ့ ကော်မရှင်ကြောင့် ၂ဝ၁၅ ဟာ အခိုးခံရတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတော့မယ်။

ဒေါက်တာတင့်ဆွေ
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment