ဒေါ်အောင်ဆန်းစုကြည် တာချီလိပ်နှင့် ကျိုင်းတုံတွင် လူထုဟောပြောပွဲ ပြုလုပ်မည်



19.10.2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည် အရှေ့ပိုင်း စည်းရုံးရေး ခရီးစဉ်အဖြစ် အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၇ နာရီမှာ ရန်ကုန်အပြည်ပြည် လေဆိပ်ကနေ လေယာဉ်နဲ့ တာချီလိတ်မြို့ သို့ထွက်ခွာမှာပြီး နေ့လည် ၃ နာရီမှာ တာချီလိတ်မြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကွင်းမှာ လူထုဟောပြောပွဲပြုလုပ်မှာ ဖြစ်ပါတယ်။ ပြီးနောက် တာချီလိတ်မြို့မှာ ညအိပ်မှာပါ။

အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ တာချီလိတ်မှ ကျိုင်းတုံမြို့ကို သွားရောက်မှာဖြစ်ပြီး ကျိုင်းတုံမြို့မှာ လူထုဟောပြောပွဲ ပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment