မြန်မာနယ်စပ်အနီး စခန်းတစ်ခု ၀င်စီးနှင်းရာမှ လက်နက်ခဲယမ်းမီးကျောက်များ ဖမ်းမိဟု ဘင်္ဂလာစစ်တပ်ဆို





မြန်မာ နယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုင်ဘင်ခရိုင်၊ ရုံမော်မြို့နယ် အတွင်း လက်နက်ကိုင် အဖွဲ့တစ်ခု၏ ခိုအောင်းနေသော နေရာ တစ်ခုအား ၀င်ရောက်စီးနှင်း ရာမှ မောင်းပြန် ရိုင်ဖယ် တစ်လက်နှင့် ခဲယမ်းမီးကျောက်များကို ဖမ်းဆီမိသည်ဟု ဘင်္ဂလာဒေ့ရှ် စစ်တပ်က ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းမီးကျောက်များမှာ မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်ဘောက် ခုနှစ်ခု၊ ကျည်ဆံ ၂၂၂ တောင့်၊ လက်ပစ်ဗုံး နှစ်လုံးနှင့် တစ်ခြား စစ်အသုံးအဆောင် ပစ္စည်းများဟု ဆိုသည်။
ဘင်္ဂလာဒေ့ရှ် စစ်တပ် The Inter Services Public Relations Directorate (ISPR) ၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သော ကြာသပတေးနေ့ နံနက်က ရုံမော်မြို့နယ် အတွင်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ခိုအောင်းနေသော စခန်း တစ်ခုကို ဘင်္ဂလာဒေ့ရှ် စစ်တပ်မှ ၀င်ရောက်စီးနှင်းစဉ် ခိုအောင်းနေသူများမှာ ထွက်ပြေးသွားပြီး ၎င်းစစ်ပစ္စည်းများမှာ ကျန်နေခဲ့သည်ဟု သိရသည်။

သို့သော်လည်း ၀င်ရောက်စီးနှင်းစဉ် တိုက်ပွဲ ဖြစ်ပွားမှုနှင့် အသေအပျောက်ရှိ မရှိကို ယင်းထုတ်ပြန်ချက် တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။၎င်းဧရိယာတွင် ဒက္ကားမြို့မှာ လာရောက်လည် ပတ်သူ ဘင်္ဂလီအမျိုးသား ၂ ဦးနှင့် တောင်ပေါ်သား လမ်းပြ ၂ ဦးတို့ကို အောက်တိုဘာလ ၅ ရက်နေ့က လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ပြန်ပေးဆွဲထားသည်။ယင်းပြန်ပေးဆွဲမှုကို မြန်မာ လက်နက်ကိုင် အဖွဲ့များ ပြုလုပ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များက သံသယ ဖြစ်နေသည်ဟု သိရသည်။

Arakan State
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment