မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် မန့်ဝိန်းဂိတ်အကြား ယာဉ်သွားလမ်း မကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု တစ်ပတ်ခန့် ကြာမြင့်ခဲ့



16.10.2015

မန္တ လေး-လားရှိုး-မူဆယ် အဝေးပြေးလမ်း မကြီးပေါ်ရှိ မူဆယ် ၁၀၅ မိုင်ဂိတ် နှင့် တရုတ်နယ်စပ် မန့်ဝိန်းဂိတ်အထိ လမ်းတစ်လျှောက်တွင် တစ်ပတ်ကြာ ခန့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အလွန် တုန်ခဲရွာမှစတင် ၍ မူဆယ် မြို့အဝင်ဓာတ်ဆီဆိုင်တန်းအထိ မြို့ ပတ်လမ်းအဝင်မှ မန့်ဝိန်းဂိတ်အထိ ကုန်တင်မော်တော်ယာဉ်ကြီးများ သွား လာမရလောက်အောင် ပိတ်ဆို့နေ သဖြင့် ခရီးသည်တင်လိုင်းကားများ၊ လူစီးသီးသန့်ယာဉ်ငယ်များပါ အချိန် နှင့် တစ်ပြေးညီ သွားလာနိုင်ခြင်းမရှိ တော့ဘဲ အဆိုပါယာဉ်တန်းနှင့်အ တူ ယာဉ်ကြော ပိတ်ဆို့မှုဖြင့် ကြုံ တွေ့နေကြ ရသည်။

''ဒီလ ၁၀ ရက်နေ့ကတည်းက စဖြစ်တာလို့ သိရတယ်။ ကျွန်တော် တို့မိသားစု မူဆယ်ကနေ ညနေ ၃ နာရီခွဲထွက်လာတာ၊ မြို့အဝင်ဆိုင်း ဘုတ်ကျော်တာနဲ့ ယာဉ်ကြောပိတ် ဆို့မှုနဲ့ ကြုံရတော့တာပဲ၊ ညနေ ၆ နာ ရီခွဲအထိ နေရာကရွှေ့လို့မရသေးဘူး။ ဒီမှာရှိတဲ့ယာဉ်တွေထဲက ခရီးသည် တင်ယာဉ်တွေမှာ စားစရာက လဲမပါ။ ရေသန့်ဘူးကအစ မလုံလောက်တော့ ဒုက္ခရောက်ကြ တယ်။ တွေ့ရာဆိုင် ကယ်ကို ဆိုင်ကယ်ကယ်ရီအဖြစ်ငှား ပြီး မူဆယ်ပြန် မုန့်ပဲသရေစာဝယ်ကြ ရတယ်။ ဘယ်လောက်ကြာ မယ်မှန်း မသိတော့ ညစာအတွက် အခက်အ ခဲဖြစ်မှာစိုးလို့ပါ။ ဘာဖြစ်လို့ပိတ်တယ် ဆိုတာလဲမသိရဘူး။ မိုးလဲမရွာဘူး။ ည ၇ နာရီအချိန်ကျတော့ မိုးစရွာ လို့ ပိုဒုက္ခရောက်ကြရတယ်''ဟု မူ ဆယ်မြို့မှ အငှားယာဉ်ငယ်ဖြင့်ပြန် လာသူ မန္တလေးမြို့မှ မငယ်ကပြော သည်။

အဆိုပါလမ်းပိတ် ဆို့မှုကြောင့် အောက်တိုဘာ ၁၂ ရက်က ယာဉ် ကြော ပိတ်ဆို့ သည့်နေရာမှ ည ရ နာ ရီ ၄၅ မိနစ်ကျမှသာ ထွက်ခွာနိုင် ရာ၊ မန္တလေးမြို့ သို့ အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီအချိန်မှရောက် ရှိသည်။

''အောက်တိုဘာ ၅ ရက်လောက် က စပိတ်နေတယ်။ ကားလေးကွင်း ကနေ မန့်ဝိန်းသွားမယ့်နေရာအထိ ပိတ်ဆို့နေတယ်။ နန်းတော်ပေါက် ကိုတော့ အပိတ်မခံဘူး။ မကြာခဏ ဖြစ်နေတယ်။ အရင်မြို့ရှောင်လမ်း ဖောက်မယ် ဆိုပြီး မဖောက်ဖြစ်လို့ အ ခုလိုဖြစ်နေတာ။ မြို့ရှောင်လမ်းတစ် ခု အမြန်ဖောက် ဖို့လိုနေပြီ။ ဟိုဘက် ဒီဘက်သွားတဲ့ကားတွေလဲ ဒုက္ခရောက် တယ်။ ဒီနေ့တော့ ကားတော်တော် ရှင်းသွားတယ်''ဟု မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နှင့် မူဆယ်မြို့အကြား ယာဉ် ကြော ပိတ်ဆို့မှုမှာ မည်သည့်အတွက် ကြောင့် ပိတ်ဆို့ ခဲ့ကြောင်း မသိရှိရ သော် လည်း ကုန်တင်ကားကြီးများ နှင့် လူစီးယာဉ် အစီးရေ ၃၀၀ ကျော် အထိ ပါဝင်သဖြင့် ကုန်စည်စီးဆင်း မှုနှောင့်နှေး သည့်အပြင် ခရီးသွားများ ပါ အချိန်မှန်ရောက်ရှိခြင်းမရှိ၍ ယာဉ် ကြောပိတ်ဆို့မှုမရှိရေး တာဝန်ရှိသူ များ အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေး ရန် မူဆယ်မြို့နှင့် အဆက်အသွယ် များသည့် ကုန်သည်များက လိုလား လျက်ရှိကြောင်း သိရသည်။

#Yangon Media
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment