အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် နီးလာချိန် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည် တပ်မတော် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား
17.9.2015
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် နီးကပ်လာချိန်တွင် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA) တို့ စက်တင်ဘာ ၇ရက်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လွယ်လင်းမြို့နယ် မိုင်းပွန်မြို့ အရှေ့ဘက် ၁၀မိုင်အကွာ နန့်မော်လင်းရွာ အနောက်ဘက်၊ ဆမ်ပူးကျေးရွာ အနီးတွင် မြန်မာ့တပ်မတော်မှ နယ်မြေ ရှင်းလင်းရာမှ နှစ်ဘက်တပ်များ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး တိုက်ပွဲ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခု ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အပစ်ရပ်စဲရန် အသင့်ဖြစ်နေပြီဟု ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း
တွင် ဒုတိယမြောက် တိုက်ပွဲဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က အပစ်ရပ် လက်မှတ်ထိုးဖို့ အတွက် အသင့်ဖြစ်နေပါပြီ။
ဒါ့ကြောင့်လည်း KNU, DKBA, KNLA-PC အဖွဲ့တွေနဲ့အတူ လက်မှတ်ထိုးဖို့ အတွက် ကြေညာချက်
တစ်စောင်လည်း ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီအတောအတွင်း ငြိမ်းချမ်းရေး လမ်းစဉ်ကို သွားနေတဲ့အတွက် တိုက်ပွဲတွေ မဖြစ်အောင် ရှောင်ရှားနေပါတယ်။ တပ်ရဲ့ အောက်ခြေပိုင်းတွေကိုလည်း တိုက်ပွဲတွေ မဖြစ်ဖို့ကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လက်မှတ် မထိုးရသေးတဲ့အတွက် ကျွန်တော်တို့
တပ်တွေကို အတည်တကျ နေရာချထားလို့ မရသေးပါဘူး။ အစိုးရ တပ်မတော်ကလည်း အဲဒီအချိန်မှာ
နယ်မြေ ရှင်းလင်းတယ်ဆိုပြီး လိုက်လံပိတ်ဆို့ခဲ့တော့ မလွဲသာ မရှောင်သာလို့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ခဲ့တာပါ” ဟု RCSS/SSAမှ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
တိုက်ပွဲ ပြင်းထန်မှုကြောင့် နှစ်ဖက်တပ်များတွင် ဒဏ်ရာရရှိသူနှင့် သေဆုံးသူများ ရှိခဲ့သော်လည်း စာရင်း အတိအကျကိုမူ မသိရှိရကြောင်း၊ လက်ရှိတိုက်ပွဲ၏ အခြေအနေမှာလည်း ပစ်ခတ်မှုများ ဆက်လက်
ရှိနေကြောင်း ၄င်းက ထပ်မံ ပြောကြားခဲ့သည်။
ပိုင်လေး
Tomorrow
0 comments:
Post a Comment