'ဝ'ဒေသအတွင်း မြို့နယ်ခြောက်မြို့နယ်အနက် မြို့နယ်လေးခုအထိ မဲစာရင်းကောက်ယူနိုင်ခြင်းမရှိသေး


7.9.2015

'ဝ'ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် လေးမြို့နယ်မှာ ယခုအချိန်အထိ အခြေခံမဲဆန္ဒ ရှင်စာရင်းများ မကောက်နိုင်သေးကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးသန်းလွင်မြင့်က ပြောသည်။

'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အုပ်ချုပ်ပြီး ပန်ဆိုင်း၊ နာဖန်၊ မိုင်းမောနှင့် ပန်ဝိုင် စသည့်မြို့ များတွင် မဲဆန္ဒရှင်စာရင်းများကို ယခုအချိန်အထိ မပြုစု နိုင်ဘဲ ဟိုပန်နှင့် မက်မန်း မြို့တို့တွင်သာ မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ကြောင်း၎င်းက ဆက်ပြောသည်။

''မဲဆန္ဒရှင်စာရင်း မပြုစုနိုင်လို့ မပြုစု နိုင်ဘူးလို့ပြောရမှာပါ။ အဲဒီနေရာတွေကို သွားလို့ မရဘူးဗျ။ အဲဒီ ဒေသတွေမှာ ကော်မရှင်ဖွဲ့ ထားတာလဲမရှိဘူး။ ဌာနဆိုင်ရာတွေလဲ မရှိဘူး ဖြစ်နေတယ်။ ကျန်တဲ့မြို့နယ် တွေမှာတော့ မဲဆန္ဒ ရှင်စာရင်းတွေ ကောက်လို့ရပါတယ်''ဟု ¤င်းက ပြောသည်။

မဲဆန္ဒရှင်စာရင်း ကောက်၍မရသော မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်မဖြစ် ကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အခွင့်အာဏာဖြစ်ကြောင်း ၄င်းက ပြောကြား သည်။

''ကောက်လို့ရတဲ့မြို့နယ်တွေ ရှိသလို ကောက်လို့မရတဲ့မြို့နယ်တွေလဲ ရှိတယ်။ ကောက်လို့မရတဲ့ မြို့နယ် တွေကိုတော့ ပြောလို့မရသေးဘူး။ ကောက်နေတုန်းပဲ ဆောင်ရွက်ဆဲပဲ''ဟု ရှမ်းပြည်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်က ပြောသည်။

လာမည့်နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ မဲဆန္ဒနယ် ၅၅ နယ် ရှိပြီး 'ဝ' တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော လက်ရှိအချိန်အထိ မဲဆန္ဒရှင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသေးသော ယင်းမြို့နယ် လေးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထားသော ကိုယ်စားလှယ် လောင်းများလည်း တစ်ယောက်မှမတင်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် ချက်များအရ သိရသည်။

'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် မြန်မာအစိုးရနှင့် အပစ်ရပ် သဘောတူထားသည်မှာ ၁၉၈၉ ခုနှစ်ကဖြစ်ပြီး တိုက်ပွဲများလည်း မဖြစ်တော့ကြောင်း သိရသည်။

‪#‎FlowerNewsJournal‬
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment