အိုက်အက်စ်အကြမ်းဖက် လေ့ကျင့်ရေးစခန်းများကို ပြင်သစ်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်



28.9.2015

ဆီးရီးယားနိုင်ငံမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက် လေ့ကျင့်ရေးစခန်းတွေကို ပြင်သစ်တိုက်လေယာဉ် ၆ စီးက ပထမဆုံး သွားရောက်တိုက်ခိုက်ဖျက်ဆီးတယ်လို့  ပြင်သစ်သမ္မတက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ပြင်သစ်ကင်းထောက်လေယာဉ်တွေက စုံစမ်းထောက်လှမ်းပေးတဲ့ ပစ်မှတ်တွေကို သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး လာမယ့်ရက်တွေမှာလည်း ဆက်လက်တိုက်ခိုက်သွားဖို့ ရှိတယ်လို့ သမ္မတ ဟော်လန်ဒီက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ပြင်သစ်နိုင်ငံဟာ အီရတ်နိုင်ငံထဲက အိုင်အက်စ် ပစ်မှတ်တွေကိုပဲ မဟာမိတ်နိုင်ငံတွေနဲ့ ပူးတွဲ တိုက်ခိုက်နေ တာဖြစ်ပြီး ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်ပစ်မှတ်တွေကို အခုမှ စတင်တိုက်ခိုက်တာပါ။ အခုလို တိုက်ခိုက်ဖို့ ကင်းထောက်လေယာဉ်တွေ ဆီးရီးယားနိုင်ငံပေါ် ပျံသန်း ထောက်လှမ်းနေပြီးဆိုတာကိုလည်း အခုလအစောပိုင်းကတည်းက ပြင်သစ်သမ္မတက ကြေညာထားတာပါ။

ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့၊ ခြိမ်းခြောက်နိုင်တဲ့ ဘယ်စစ်ရေးပစ်မှတ်ကိုမဆို တိုက်ခိုက်မှာ ဖြစ်တယ်လို့  ပြင်သစ်သမ္မတက ပြောဆိုပါတယ်။

ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်အကြမ်းဖက် ဗြိတိန်နိုင်ငံသား ၂ ဦးကို ဗြိတိန်မောင်းသူမဲ့ လေယာဉ် နဲ့ သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် လေယာဉ်မှူး ကိုယ်တိုင်လိုက်ပါတဲ့ တိုက်ခိုက်တဲ့ လေကြာင်း စစ်ဆင်ရေးကတော့ မလုပ်သေးပါဘူး။

အမေရိကန်နိုင်ငံကတော့ ဆီးရီးယားနိုင်ငံနဲ့ အီရတ်နိုင်ငံထဲက အိုင်အက်စ်ပစ်မှတ်တွေကို ဒေသတွင်း မဟာမိတ်နိုင်ငံတွေနဲ့ ပူးတွဲတိုက်ခိုက်နေတာ ၁ နှစ်ကျော်သွားပြီဖြစ်ပါတယ်။

DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment