မြန်မာ-ထိုင်း သံဃာအပါးတစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မန္တလေး ဒေသခံသောင်းချီ ပါဝင်လောင်းလှူ


ကြွရောက်လာသော သံဃာတော်များအား ဖူးတွေ့ရစဉ် (ဓာတ်ပုံ − picturesofday.blogspot.com)

21.9.2015

မြန်မာနှင့် ထိုင်း နှစ် နိုင်ငံ ချစ်ကြည်ရေးအဖြစ် သံဃာ အပါးတစ်သောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို စက်တင်ဘာ ၂၀ ရက်က မန္တလေးမြို့၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ သောင်းချီ၍ ပါဝင်လောင်းလှူခဲ့ ကြသည်။

ထေရ၀ါဒဗုဒ္ဓသာသနာ ပြန့် ပွားထွန်းကားရေးအတွက် အတု လမဟာမြကျောက်ဆရာတော် ဘဒ္ဒန္တခေမာ စာရ(အဂ္ဂမဟာသဒ္ဓ မ္မဇောတိကဓဇ) နှင့် ထိုင်းနိုင်ငံ ဓမ္မကာယ ကျောင်းဆရာတော် လုံဖောဓမ္မချိုင်ယိုတို့ ပူးပေါင်း၍ မန္တလေးမြို့ မန္တလေးတောင်ခြေ အနီး ကျုံးအရှေ့ဘက်တွင် သံ ဃာတော်အပါးတစ်သောင်းအား ပထမအကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့ခြင်း ဖြစ် သည်။

မြန်မာနိုင်ငံမှ သံဃာတော် အပါး ၉,၉၀၀ နှင့် ထိုင်းနိုင်ငံမှသံဃာတော်အပါး ၁၀၀ တို့အား ဆွမ်းဆန် စိမ်းလောင်းလှူခဲ့ ခြင်းဖြစ်ပြီး နှစ်နိုင်ငံမှ ဒါယကာ၊ ဒါယိကာမများလည်း ပူးပေါင်းပါဝင်ခဲ့သည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအ ဖြစ် သံဃာအပါးတစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖြစ် မြောက်စေရန် လုပ်အားပေး လူငယ် ၂,၅၀၀ ကျော် ပါဝင်ခဲ့ ကြောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖြစ် မြောက်ရေး ဆပ်ကော်မတီမှဦးမျိုး ၀င်းနိုင်က ပြောသည်။

‘‘လူမှုကူညီရေးအသင်းတွေ လည်းပါတယ်။ အားကစားသိပ္ပံ ကလည်း လူငယ် ၈၀၀ ကျော် လည်း ပါတယ်။ လုပ်အားပေးတဲ့ အခါမှာလည်း လူငယ်တွေကို သင်တန်းပေးပြီးမှ အခမ်းအနား ကို ပြင်ဆင်တာဖြစ်တယ်။ စနစ်တကျ ကျကျနန ဖြစ်ဖို့အတွက် ပွဲရက်မတိုင်မီကတည်းက အားလုံးကို ကြိုတင်စီစဉ်ခဲ့တယ်’’ဟု ဦးမျိုးဝင်းနိုင်က ပြောသည်။

ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်း အခမ်းအနားကို အောင်မြေ သာစံမြို့နယ် မန္တလေးတောင်ခြေ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၀ လမ်းမှ ၁၉ လမ်းအထိ နံနက် ၆ နာရီမှ ၉ နာရီအထိ ပြုလုပ်ခဲ့သည်။

‘‘ဒီလိုမျိုး ကိုယ့်ရဲ့မြို့မှာ ကျင်းပတဲ့အတွက် အတိုင်းမသိ ၀မ်းသာသလို ဂုဏ်လည်းယူ တယ်။ အင်မတန်မှကို ကျေနပ်မိ ပါတယ်။ အစကတော့ ပါဝင် ဆွမ်းလောင်းဖို့ အစီအစဉ်မရှိဘူး။ ညနေပိုင်းမှာ အခမ်းအနားပြင် ဆင်ထားတာလေးတွေ တွေ့ပြီး လောင်းလှူဖြစ်သွားတာပါ’’ ဟု မြို့ခံတစ်ဦးက ပြောသည်။

7Day Daily

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment