ဥဇပေကစ္စတန်နိုင်ငံတွင် အာရှတံခွန်စိုက် ကာယဗလနှင့် ကာယကြံ့ ခိုင်မှု မယ်ပြိုင်ပွဲဝင်ရန် သျှမ်းမောင်မယ် ၂ ဦးပါဝင်သည့်မြန်မာနိုင်ငံကိုယ်စားလှယ် ၅ ဦး ရန်ကုန်မှထွက်ခွါ



28.9.2015

ဥဇပေကစ္စတန်နိုင်ငံ ၂၀၁၅ ခုနှစ် ၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယဗလနှင့် ကာယ ကြံ့ ခိုင်မှုမယ်ပြိုင်ပွဲ သို့ ပြိုင်ပွဲဝင်ရန် သျှမ်းမောင်မယ် ၂ ဦးပါဝင်သည့် မြန်မာနိုင်ငံမှ အားကစား သမား ကိုယ်စားလှယ်မောင်မယ် ၅ ဦး ယနေ့မနက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါပြီ ဖြစ်ကြောင်းသိရသည်။ဥဇဘတ်ကစ်စတန် နိုင်ငံတွင် ပြိုင်ပွဲကို 29-9-2015 မှ 5-10-2012 အထိ ပြိုင်ပွဲ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ဥဇပေကစ္စတန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ ပြန်လည် ရွေး ချယ်ထားသော အားကစား သမား ၅ ဦးမှာ ၁- ထွန်းမင်း (၆၀ ကီလို) ၂- စိုင်းချစ်ငွေ (၆၅ ကီလို) ၃- ညီဖြူ (၇၀ ကီလို) ၄- နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅- ချယ်ရီမောင် (၁၆၅ စင်တီမီ တာအောက်) တို့ ဖြစ်သည်ဟု သိရပါသည်။

မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ သည် ရွှေမန်းမောင်ဆုကို ၂၀၀၂ နှင့် ၂၀၁၁မှ ၂၀၁၅ အထိ ဆက်တိုက်ပထမဆွတ်ခူးရရှိခဲ့သည်။မန္တလေးမြို့နေ မူစယ်ဇာတိ နန်းလောင်ဝ်ခမ်းမှာမူ အမျိုးသမီး ကာယကြံ့ခိုင်မှုဆုများကို ၂၀၁၃ ခုနှစ် ကတည်းက ဆွတ်ခူးရရှိလာခဲ့သူ ဖြစ်ပါသည်။ လွန်ခဲ့သည့် အောက်တိုဘာ လက ကျင်းပခဲ့ သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလပြိုင်ပွဲနှင့် မန္တလေး တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် (၅ ပေ ၃ လက်မအောက်) ပထမဆု ဆွတ်ခူးရရှိထားသူ ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment