အစိုးရနှင့် ပလောင်လွတ်မြောက်ရေးတပ်ဦး ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမည်



21.9.2015

အစိုးရနှင့်ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)တို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို စက်တင်ဘာ အတွင်း ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

PSLF/TNLA ထိပ်ပိုင်းတာ ဝန်ရှိသူများက ဗဟိုကော်မတီအ ရေးပေါ် အစည်းအဝေးပြုလုပ် နေပြီး ဆွေးနွေး ပွဲပြုလုပ်မည့်ရက် ကို အစိုးရဘက်သို့ မကြာမီအကြောင်းကြားမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေး ဗဟိုဌာန (MPC)အကြီးတန်းအကြံပေး ဦး လှမောင်ရွှေက PSLF နှင့်ပြုလုပ် မည့်ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ‘‘Bilateral ဆက်သွားပြီးရင်တော့ NCA လက်မှတ်ရေး ထိုးနိုင်လိမ့် မယ်’’ဟု ပြောသည်။

PSLF/TNLA သည် အစိုးရ သစ်လက်ထက်တွင် တပ်မတော် နှင့်တိုက်ပွဲအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ တစ် ဖွဲ့ဖြစ်သည်။ လတ်တလောအချိန် တွင်လည်း ကချင်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်း ထိစပ်ဒေသများ တွင် အစိုးရတပ်နှင့် PSLF/TNLA တို့ တိုက်ပွဲများဖြစ် ပွားနေသည်။

ကေအိုင်အို၏မဟာမိတ်ဖြစ် သည့် PSLF သည် အစိုးရနှင့်အ ပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးထားခြင်းမရှိပေ။ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးလက် မှတ် NCA ရေးထိုးရာတွင် PSLF ပါဝင်နိုင်ရန် ပဏာမအဆင့်အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရန် ဆွေးနွေးခြင်းဖြစ်ကြောင်း နှစ်ဖက် တာဝန်ရှိသူများက ဆို သည်။

UPWCနှင့် PSLF တို့ ၂၀၁၃ ဇူလိုင်က ရှမ်းပြည်နယ် မူဆယ်မြို့ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြု လုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ ပေ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြု လုပ်နိုင်ရန် စက်တင်ဘာ ၁၈ ရက် က မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တာဝန်ရှိသူများနှင့် PSLF တို့ အလွတ်တွေ့ဆုံခဲ့ကြောင်း သ တင်းရရှိသည်။

စက်တင်ဘာ ၉ ရက်တွင်နေပြည်တော်၌ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရကTNLA နှင့် သီးခြားတွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ကိုယ်စားပြု တက်ရောက်သော ခေါင်းဆောင်များအား ပြောကြားသည်။

7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment