အသက် (၇၈)နှစ်ရှိ အဖွားအို တစ်ဦး တာချီလိတ်၌ အသတ်ခံရ





17.9.2015

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု ဆန်ဆိုင်းကျေးရွာတွင် အသက်(၇၈)နှစ်ရှိ အဘွားအိုတစ်ဦး ယနေ့
 စက်တင်ဘာလ(၁၅)ရက် နံနက်(၁၀)နာရီဝန်းကျင်က ချွန်ထက်သော လက်နက်ဖြင့် အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက်(၁၀)နာရီခွဲ ၀န်းကျင်တွင် ခြံဝန်းထဲရှိ အိမ်ရှေ့အိမ်တွင် နေထိုင်သူ အဖွားဒေါ်ပါအမ်အား ထမင်းစားရန်အတွက် မနန်းရှဲန်နွဲ့မှ သွားရောက်၍ ခေါ်စဉ် မည်သည့် အသံမျှ မကြားရသည့်အတွက် နေအိမ်အတွင်း ၀င်ရောက်ကြည့်ရာ အဖွားဖြစ်သူမှာ နေအိမ် အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်တွင် လည်ပင်း၌ သွေးများထွက်လျက် ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်းကို တွေ့မြင်ရသည့်အခါမှ အသတ်ခံရတာကို သိရှိရကြောင်း သိရသည်။

အသက်(၇၈)နှစ်ရှိ ဒေါ်ပါအမ်သည် တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု ဆန်ဆိုင်းကျေးရွာရှိ ၎င်း၏
 နေအိမ်၌မှာပင် အသတ်ခံရတာဖြစ်ပြီး လည်ပင်းတွင် သွေးများထွက်လျက် ပက်လက်အနေအထားဖြင့်
 သေဆုံးနေရာ ၎င်း၏ လည်ပင်းတွင် (၆)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ ၀ဲဘက်
ဖူးယောင်ဒဏ်ရာ (၁)ချက်၊ ၀ဲနားထင်(၃)လက်မခန့် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲမျက်ခုံး အထက်(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက် နှင့် ယာလက်မောင်း (၄)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့် ဒဏ်ရာ
များဖြင့် သေဆုံးနေတာဖြစ်ပြီး လူသတ်တရားခံမှာ ထွက်ပြေးလွတ်မြောက်နေသည့်အတွက်
 ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေလျက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

သေဆုံးနေသည့် ရုပ်လောင်းအား စစ်ဆေးရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့် အဖွဲ့မှ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ရုပ်လောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး
ခဲ့ကြောင်း နှင့် စစ်ဆေးမှုများပြီးနောက် ထိုမှတဆင့် ကျန်ရစ်သူ မိသားစုအလိုရ နေအိမ်သို့ ပြန်လည်
ပို့ဆောင်ပေးကာ ကူညီပေးခဲ့ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။

မည်သည့် အတွက်ကြောင့် သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ နေအိမ်အတွင်းအား လိုက်လံ
စစ်ဆေးရာတွင် နေအိမ်အတွင်း၌ အဖိုးတန် ပစ္စည်းများ နှင့် ရွှေငွေများ ပျောက်ရှသွားခြင်း မရှိကြောင်းလည်း သိရသည်။ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၉၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂
ဖြင့် အမှုဖွင့်ထားရှိပြီး လူသတ်တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေလျက်ရှိကြောင်း သိရသည်။



Tachileik News Agency



Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment