ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာကျေးရွာ၏ အရှေ့ဘက် ၁၀မိုင်ခန့်
တွင်ရှိသော ရွှေတူးကျေးရွာ မှ ကျေးရွာ အုပ်ချုပ်ရေးမှူး အား
တပ်မတော်စစ်ကြောင်းများကို သတင်း ပေးသည်ဟု ပြော ဆိုပြီး TNLA သောင်းကျန်းသူ အဖွဲ့ မှ ၂-၁၀-၂၀၁၅ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည် ။
ဖမ်းဆီးခြင်းခံရသူမှာ ရွှေတူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝမ်းယု ဆိုသူဖြစ်ပြီး အသက် နှင့်လူအားပြန်လည် ရရှိလိုပါက ငွေကျပ် သိန်း ၁ရာဖြင့် လာ ရောက် ရွေးယူရန် TNLA သောင်းကျန်းသူအဖွဲ့ မှ အကြောင်း ကြား လာ သဖြင့် ၆-၁၀- ၂၀၁၅ ရက်နေ့ တွင် ရွာသူ/ရွားသားများ မှငွေကြေး စုဆောင်းထည့်ဝင် ပြီး ငွေကျပ်သိန်း ၁ရာ ဖြင့် သွားရောက် ရွေးယူခဲ့ရပါတယ်။
ရွာသူ/ရွာသားများမှာ TNLAအား ကြောက်ရွံ့ မုန်းတီးနေပြီး ထိုနယ်မြေမှ အချို့ရွာသားများစွန့်ခွာပြီး နမ့်ဖက်ကာသို့ ပြောင်းရွှေ့ လာကြပါတယ်။ရှမ်းမြောက်နယ်မြေအတွင် KIA တပ်မဟာ ၄ နှင့် TNLA သောင်းကျန်းသူ အဖွဲ့ များလှုပ်ရှား လျှက်ရှိ ပြီး ၈-၁၀-၂၀၁၅ ရက်နေ့တွင် မူဆယ်မြို့တောင်ဘက် ပလောင်တောင်ရွာတွင်ဘုန်းကြီးကျောင်း ဆောက်လုပ်နေစဉ် KIA တပ်မဟာ(၄)မှ (ခေါင်းဆောင်စီစစ်ဆဲ) ဗိုလ်အဆင့်ဦးစီး အင်အား ၃၀ ခန့် ရောက်ရှိ လာပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဆောက်လုပ်
ခြင်းအား ခွင့်မပြုကြောင်း တားဆီးခဲ့ပါတယ် ။
ပလောင်တိုင်းရင်းသားအများစုမှာ ဗုဒ္ဓဘာသာများဖြစ်ပြီး KIA ၏ နယ်မြေကျူးကျော် အနိုင်ကျင့်မှုအား မကျေနပ် သဖြင့် တပ်မတော် သို့ သတင်းပေးပို့ခဲ့ သဖြင့် တပ်မတော်စစ်ကြောင်း
မှ လိုက်လံ ရှင်း လင်းရာ တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားပြီး KIA သောင်းကျန်းသူ ၂ ဦး ကျဆုံးခဲ့ကြောင်း သိရပါသည်။
ကျော်စွာ

0 comments:
Post a Comment