SSPP/SSA အား အစိုးရထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင် ဒေသခံ ၃၀၀၀ ကျော် အကူအညီလို


ဓါတ်ပုံ- ၀မ့်ဆော့ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များအား မူစယ် သျှမ်းစာ/ယဉ်အသင်းနှင့် မြောက်ပိုင်း လူငယ်များက ထောက်ပံ့ကူညီမှုပေးနေစဉ်

သျှမ်းပြည်အလယ်ပိုင်း စစ်ဘေးရှောင်စခန်း ၃ နေရာတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပြီး စခန်းအချို့သည် စစ်မြေပြင်အတွင်းရှိနေသောေ ကြာင့် စေတနာရှင်များ မှသွားရောက်ကြည့်ရှုခြင်းမပြုနိုင်သေးကြောင်း အကူ အညီပေးနေသည့် လူငယ်များအဖွဲ့ကပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ကစပြီး SSPP/SSA သျှမ်းပြည်တပ်မတော်အား အစိုးရ ထိုးစစ်ဆင်မှုကြောင့် ၊ မိုင်းရှူးဒေသခံ ကျေးလက်ရွာသား သုံးထောင် ခန့်၊ တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေရကာ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေကြောင်း၊ အချို့ စစ်ဘေးရှောင်ဒေသခံများက မိုင်းရှူး မိုင်းနောင် ကျေးသီး မြို့သို့တက်ကာ နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေရ သည်ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် သျှမ်းစာပေယဉ်ကျေးမှု အသင်း နှင့် ကျောက်မဲမြို့ လားရှိုးမြို့မှလူငယ် များစုပေါင်းကာ အောက်တိုဘာလ ၁၈ ရက်က ၀မ့်ဆော့ဘုန်းကြီးကျောင်းမှ စစ်ဘေးဒုကသည်များအား အစား အသောက်နှင့် အ၀တ်အထည်များသွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လည်း အောက်တိုဘာ ၁၈ ရက်နေ့အထိ နှစ်ကြိမ် သွားရောက်ကူညီခဲ့ကြောင်းသိရသည်။

မူစယ်မှလူငယ်တဦးဖြစ်သည့်စိုင်းလိတ်က - ၀မ့်လွေ ၀မ့်ကျောင်း လိဆော ရွာက စစ်ဘေးရှောင် တွေပေါ့။ စုစုပေါင်း ၁၀၁၅ ယောက်ရှိနေပြီ။ အဲဒီအထဲမှာ သံဃာ ၄၂ ပါး ပါတယ်။ အခုအဲ့ဒီ ၀မ့်ဆော့ဘုန်းကြီးကျောင်းမှာ လာတည်း နေတယ်။ စစ်ပွဲတော့ရပ်မယ့်ပုံမပေါက်သေးဘူး - ဟုပြောသည်။

စစ်ဘေးရှောင်များသည် မိုင်းရှူးမြို့ အနောက်တောင်ဘက် ဟိုင်းပါဘုန်းကြီးကျောင်းတွင် ၁၀၀၀ ကျော်၊ ၀မ့်ဆော့တွင်တထောင်ကျော်၊ ၀မ့်ဟိုင်း တွင် ၈၀၀ ကျော်၊ တန့်ယန်းလုံမုန့်တွင် ၃၀၀ ကျော် ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များအားထောက်ပံ့ရန်အတွက် ရပ်နီးရပ်ဝေး ပြည်တွင်းပြည်ပမှ အလှူရှင်များပေးပို့လာသည့် ငွေကြေးနှင့်အတူ လက်လှမ်းမီသလောက် စုစည်းကောက်ခံရရှိငွေ စုစုပေါင်း ကျပ် ၁၀၈ သိန်းခန့်ရှိကြောင်း မူစယ်လူင ယ်က ဆိုပါသည်။

ကလေး လူကြီး အ၀တ်အစား၊ စောင်၊ ခေါက်ဆွဲခြောက်၊ ဖိနပ် (တမျိုး ၆၀၀ ၀န်းကျင်စီ) ဆီ၊ ဆန် ၆၂ အိတ်၊ ဆား၊ သကြား တို့အပြင် စစ်ဘေးရှောင်ရှင်း မီးဖွားသည့် မီးနေသည်များအတွက် အိုဗာတင်းနှင့်လိုအပ်သည့် အသုံးအေ ဆာင်များလည်းပါဝင်သည်ဟုဆိုပါသည်။ ထို့အပြင် (၁ အိတ် ၅၀ ပါ) ဆပ်ပြာ မှုန့် ၁၅ အိတ် နှင့် မိုးကာများ ပါသည်ဟုဆိုပါသည်။

သူတို့အလိုအပ်ဆုံးထဲမှာ ဖိနပ်နဲ့ အ၀တ်အစား အိပ်ရာအိပ်ခင်း၊ မိုးကာတွေ ပါပါတယ်။ အစားအသောက် လိုတယ်။ သူတို့ကျန်းမာရေးအတွက် သူနာပြုနဲ့ ဆရာဝန်တွေရှိနေပါတယ်။ အဖြစ်များဆုံးက အခု ကလေး တွေဝမ်းရော ဂါ ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေက မွေးကင်းစ ကနေအသက် ၈၀ အရွယ် အထိရှိတယ်။ အသက်ကြီးဆုံးက အသက် ၁၀၈ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းဘုန်း တပါးရှိတယ်။ ကလေးနဲ့အမျိုးသမီးများတယ်။ တချို့ လည်း တောထဲမှာ ရှိနေတုန်းဘဲ ။ အခုဝမ့်ဟိုင်းမှာရှိနေတာ ၈၀၀ ကျော်တယ်။ ၀မ့်ဆော့မှာ နီးစပ်ရာဆွေမျိုးတွေဆီမှာ တည်းခိုတယ်။ - ဟု စိုင်းလိတ်ကဆက် လက်ပြောပြသည်။

စစ်ဘေးရှောင်များ စုဝေးနေထိုင်သည့် စခန်း ၃ ခု မှာ မိုင်းရှူးမြို့နယ်အတွင်းရှိ ဟိုင်းပါနှင့် ၀မ့်ဆော့ဘုန်းကြီး ကျောင်း၊ တန့်ယန်းမြို့နယ်အတွင်းရှိ လုံမုန့် ရွာဘုန်ကြီးကျောင်းတို့တွင် တည်ရှိပါသည်။ လုံမုန့်ဘက်တွင် တိုက်ပွဲများဖြစ်ပွါးနေဆဲဖြစ်သောကြောင့် စေတနာရှင်များအနေဖြင့် သွားရောက်နိုင်ခြင်းမရှိသေးဟု လည်းသိရပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် ငြင်းဆိုထားေ သာကြောင့် ခြေမှုန်း တိုက် ခိုက်ခြင်းခံရသည်ဟု ဆိုသော်လည်း နေပြည်တော် အစိုးရ နှင့် ပြည် နယ် အဆင့် ပြင်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောင်ထားသည့် တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment