SSPP/SSA ဌာနချုပ်အား အစိုးရတပ်မတော် ဒုတိယ အကြိမ်တိုက်ခိုက်



20.10.2015

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်း အခြေစိုက် သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်အား အစိုးရတပ်မတော်မှ ယမန်နေ့က ဒုတိယအကြိမ် လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား ပြီးခဲ့သည့် အပတ်က တကြိမ်၊ ယနေ့ အောက်တိုဘာ ၁၉ ရက် ၂၀၁၅ ခု နံနက် တနာရီ ထိုးခါနီး အချိန်တွင် လွယ်ကျူမောက်ခေါဝ် မှ လက်နက်ကြီးဖြင့် တိုက်ခိုက်သည်ဟု ဆိုသည်။

“သူတို့ ပစ်တဲ့ လက်နက်ကြီးတွေက ဝမ့်ဟိုင်းရွာဦး ဆီဆိုင်နားလာကျတယ်။ အကြောင်း မရှိ အကြောင်းရှာ တိုက်ခိုက်နေတယ်။ တက်လာသမျှ တိုက်ခိုက်ချေ မှုန်းရမှာဘဲ။ ကျနော်တို့ သူတို့ကို သွားပြီးရန်ရှာတာ မဟုတ်ဘူး။ နိုင်ထက်စီးနင်းပြုပြီး ကျနော်တို့ တပ်စခန်းကို တခုပြီးတခုလိုက်တိုက်နေတာ တပ်မတော် ဘက်ကဘဲ”- ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

အစိုးရတပ်မတော်ထိုးစစ်ဆင်မှုကြောင့် မိုင်းရှူးမြို့နယ် ဟိုင်းပါဘုန်းေ တ်ာကြီးကျောင်း ၌ လူဦးရေ တထောင်ကျော်၊ ဝမ့်ဆော့ကျေးရွာအုပ်စု၌ လူဦးရေတထောင်ကျော်၊ တော တောင်အတွင်း၊ မိုင်းရှူးမြို့ ပေါ် ကြုံရာအမျိုးအိမ်၌ ခိုလှုံနေသူများ အားလုံးပေါင်းပါက စစ်ဘေးစစ်ဒဏ် ခံနေရသူပေါင်း သုံးထောင်ကျော်ရှိပြီဖြစ်ကြောင်း ဒုက္ခသည်အရေး ကူညီ ပေးနေသည့် စိုင်းဇွမ် ကပြောသည်။

ထို့အတူ အောက်တိုဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် အစိုးရတပ်မတော် ထိုးစစ်ဆင် တိုက် ဆင်မှုအား တရားသောစစ်ဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်သွားမည်ဟု သျှမ်းပြည် တပ်မ တော် SSPP/SSA မှ ထုတ်ပြန်ကြေငြာထားသည်။

သျှမ်းပြည်တပ်မတော်သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ငြိမ်း
ချမ်းရေး တည်ဆောက်ထားသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment