သူရဲဘောကြောင်တဲ့ SSPP/SSA


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့လယ်မှာ မနေ့ကဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အဘွားအိုတစ်ဦး၊ ကိုရင်လေးနှစ်ပါးနဲ့ အမျိုးသမီးငယ်တစ်ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ တယ်လို့ မိုင်းရှူးမြို့ခံတွေဆီက သိရပါတယ်။ အများပြည်သူသွားလာနေတဲ့လမ်း၊ တံတား၊ အဆောက်အအုံတွေ မှာ ဗုံးထောင်ဖောက်ခွဲတာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်ကို ဘယ်သူကျူးလွန်တယ် ဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့်လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ဗုံးခွဲတဲ့အဖွဲ့ဟာ SSPP/ SSA အဖွဲ့လို့ပြောရမှာဖြစ်ပါတယ်။ မိုင်းရှူးမြို့ဟာ SSPP/SSA အဖွဲ့လှုပ်ရှားသွားလာနေတဲ့နယ်မြေဖြစ်ပြီး အဲဒီ တပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေနဲ့ မြို့ခံအယောင်ဆောင်ပြီး မြို့ထဲကိုဝင်ထွက်သွားလာနေတယ်လို့လည်း မျက်မြင်တွေခဲ့တဲ့မြို့ခံအချို့က ဆိုပါတယ်။

SSPP/SSA အဖွဲ့ဟာ သူရဲဘောကြောင်တဲ့အဖွဲ့လို့ပြောချင်ပါတယ်။ တချို့သတင်းဌာနက မိုင်းရှူးမြို့မှာ အခြေ ပြုနေတဲ့ အစိုးရတပ်ကတပ်ဖွဲ့ဝင်တွေ ရေတွင်းမှာရေလာချိုးပြီး ပြန်သွားတဲ့အချိန်မှာ ဗုံးကွဲတာလို့ ဖော်ပြထားပါ တယ်။ မြို့လယ်ကျောင်းတိုက်နဲ့ ရှမ်းစာပေယဉ်ကျေးမှုရုံးအနီး ဗုံးကွဲတာဆိုတော့ ရေလာချိုးတဲ့ အစိုးရတပ်ဖွဲ့ဝင် တွေထောင်တာ မဖြစ်နိုင်ပါဘူး။ ဘယ်သူမှလူမြင်ကွင်းမှာ ဗုံးထောင်ပြီး ကိုယ့်သေတွင်း ကိုယ်မတူးကြပါဘူး။ တချို့သတင်းဌာနတွေက အဲဒီဗုံးပေါက်ကွဲမှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်လို့ လူထုကမယူဆဘဲ ရွေးကောက်ပွဲနဲ့တစ်နည်းတစ်ဖုံ ပတ်သက်နေတယ်ဆိုပြီး ဖော်ပြ ထားပါတယ်။ အဖြေကတော့ရှင်းပါတယ်။ အစိုးရတပ်က တပ်ဖွဲ့ဝင်တွေရေလာချိုးမှန်းသိလို့ ကြိုပြီးလာထောင်ထားတဲ့သဘောပါ။ ချိန်ကိုက်ဗုံးဖြစ်ဖို့များပြီး အစိုးရတပ်ဖွဲ့ဝင်တွေ ပြန်သွားတဲ့အချိန်နဲ့ ချိန်ကိုက်မဖြစ်ဘဲ နောက်ကျပြီးမှပေါက်ကွဲတဲ့အတွက် အပြစ်မဲ့ပြည်သူ တွေထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အစိုးရတပ်ကိုမကျေနပ်တာ SSPP/SSA ဖြစ်တဲ့အတွက် ဒီဗုံးပေါက်ကွဲမှု တရားခံဟာ SSPP/SSA ပါလို့ပြောနိုင်တာ ဖြစ်ပါတယ်။

အစိုးရတပ်တွေနဲ့ SSPP/SSA အဖွဲ့တို့ဟာ အောက်တိုဘာ ၆ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါ တယ်။ SSPP/SSA ရဲ့ အဓိကခံစစ်စခန်းဖြစ်တဲ့ တာစံဖူးကူးတို့ဆိပ်စခန်းကနေ ဆုတ်ခွာပေးရတဲ့နောက်ပိုင်း အခြေအနေပိုမိုတင်းမာလာတာဖြစ်ပါတယ်။ SSPP/SSA ဟာ အောက်တိုဘာ ၁၆ ရက်နဲ့ ၁၈ ရက်နေ့တွေတုန်း ကလည်း မိုင်းနောင်မြို့နယ်၊ ၀ိန်းကောင်ရွာမှာရှိတဲ့ အစိုးရတပ်ရင်းဋ္ဌာနချုပ်ကို နှစ်ကြိမ် တိုက်ခဲ့တယ်။ အောင်မြင် မှုမရဘဲ ဆုတ်ခွာသွားရလို့ အရှက်ကွဲသွားခဲ့တယ်။

အစိုးရတပ်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရင် မနိုင်မှန်းသိလို့ မြို့ပေါ်တွေမှာဗုံးခွဲပြီး မငြိမ်မသက်ဖြစ်အောင် လုပ်လာတဲ့သဘောပါပဲ။ ရေချိုးလာတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို နောက်ကွယ်ကနေဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်တဲ့ SSPP/SSA ရဲ့ သူရဲဘောကြောင်မှုက မိန်းမဆန်လွန်းနေပါတယ်။ မိုင်းရှူးမြို့လယ်မှာ SSPP/SSA ဗုံးခွဲတာအခုမှမဟုတ်ပါဘူး။ အကြိမ်ကြမ်အခါခါရှိနေပါပြီ။ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း မိုင်းစံမြို့နယ်ခွဲ ရဲစခန်းကို ဗုံးခွဲခဲ့တဲ့အတွက် ရဲစခန်းခြံစည်းရိုးအနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။ တရားခံဟာ SSPP/SSA ကလွဲလို့အခြားမဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးမလိုချင်တဲ့အဖွဲ့၊ သတ်မှတ် နယ်မြေမဟုတ်ဘဲ စခန်းဆောက်တာကိုဖယ်ပေးဖို့ ကမ်းလှမ်းပေမယ့် မဖယ်တဲ့အတွက် အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သွေးပျက်ထိတ်လန့်နေတဲ့အဖွဲ့မျိုးကသာ အပြစ်မဲ့ပြည်သူတွေ ဒဏ်ရာရအောင်အခုလို မြို့လယ်ကောင် ဗုံးခွဲတဲ့စိတ်ဓာတ်မျိုးရှိတယ်လို့ပဲ ပြောချင်ပါတယ်။

 ဇော်အောင်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment