တောင်ကြီး မီးပုံးပျံပြိုင်ပွဲဝင်မည့် ည မီးကြီးမီးပုံးပျံများ ယမ်းပိဿာချိန် လျှော့ချရန် စီစဉ်

၂၀၁၄ ခုနှစ်က တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲဝင် မီးပုံးပျံ အချို့ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
 
1.10.2015

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ည မီးကြီးအမျိုးအစား ပြိုင် ပွဲ ၀င် မီးပုံး ပျံများကို ယခင်နှစ်ထက် ယမ်း ပိ ဿာချိန်လျှော့ချရန် စီစဉ်နေ ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံး ပျံ ပညာရှင်များအဖွဲ့မှ သတင်း ရရှိသည်။

စက်တင်ဘာ ၂၉ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည် နယ်အစည်းအဝေးခန်းမတွင် ပြု လုပ်ခဲ့သည့် မီးပုံးပျံပြိုင်ပွဲကျင်းပ ရေးကော်မတီ၏ ညှိနှိုင်းအစည်း အဝေး၌ ပြည်နယ်အစိုးရအဖွဲ့က ည မီးကြီးပြိုင်ပွဲဝင် မီးပုံးပျံများကို ယမ်းပိဿာချိန် ၃၅ ပိဿာအထိ သာ ပါဝင်ယှဉ်ပြိုင်ရန် သတ်မှတ် ပေးခဲ့ကြောင်း ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်များအဖွဲ့မှ ယမ်း ပညာရှင် ဦးသန်းဇော်ကပြော သည်။

‘‘ပြီးခဲ့တဲ့နှစ်က အဖြစ်အ ပျက်တွေကြောင့် ယမ်းအလေး ချိန် ပိုနေတာတွေကို  ပြန်လျှော့ ပေးတဲ့ သဘောဖြစ်မှာပါ။ ပြည် နယ် အစည်းအဝေးက သတ်မှတ် တာပါ။ အတည်မဖြစ်သေးပါဘူး’’ ဟု ဦးသန်းဇော်ကပြောသည်။

၂၀၁၄ က တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲအတွင်း ညမီးကြီးမီးပုံးပျံတစ်လုံး ကွင်းအ တွင်း သို့ ပြန်ကျပြီး မီးလောင်မှု ဖြစ်ပွားကာ ပွဲတော်သို့လာရောက် သည့် ပြည်သူအချို့ သေဆုံးဒဏ် ရာရမှုများ ဖြစ်ပွားခဲ့သည်။

ယခင်နှစ်က ညမီးကြီးအမျိုး အစားပြိုင်ပွဲဝင် မီးပုံးပျံများကို ယမ်းပိဿာချိန် ၄၀ အထိ ခွင့်ပြု ပေးခဲ့ပြီး မီးပုံးပျံတစ်လုံးသည် ယမ်းပိဿာချိန် ၅၀ အထိ နိုင်သည်ဟု ဦးသန်းဇော်ကပြောကြား သည်။

ယမ်းပိဿာ အလေးချိန်ကို သတ်မှတ် လျှော့ချထားသော် လည်း ပြိုင်ပွဲဝင်မီးပုံးပျံခေါင်အ ချင်းနှင့် အမြင့်ပေကိုမူ အကန့်အ သတ်မရှိ လုပ်နိုင်သည်ဟု ရှမ်း ပြည်နယ် ရိုးရာမီးပုံးပျံပညာရှင် များအဖွဲ့မှ သိရသည်။

‘‘တချို့မျိုးဆက်သစ်လူငယ် တွေက သူများယမ်းပိဿာ ၄၀ ဆို သူတို့လည်း ၄၀ ၊ အခြေခံ နည်းပညာမသိဘဲ လိုက်လုပ်တဲ့ အတွက် အပျက်အစီး အဆုံးအရှုံး တွေများတယ်’’ဟု ဦးသန်းဇော်က ပြောသည်။

ယခုကဲ့သို့ ယမ်းပိဿာချိန် ၃၅ ပိဿာထည့်ဝင်ရန် သတ် မှတ်လိုက်သည့်အတွက် ပြိုင်ပွဲဝင် ရန် ပြင်ဆင်ထားသည့် မီးပုံးပျံ အဖွဲ့များ အခက်အခဲများဖြစ်ပေါ်လာနိုင်ပြီး အချို့အဖွဲ့များသည်ယမ်းနှင့် မီးပုံးပျံတို့ကို ဇွန်လဆန်း ကတည်းက ပြင်ဆင်ပြုလုပ်ထား ကြသည်ဟု တောင်ကြီး ဒေသခံ မီးပုံးပျံပညာရှင်ကိုမင်းကပြောသည်။

‘‘မီးပုံးပျံတစ်လုံးက ပေါ့ပေါ့ လေးတက်သွားရင်လည်း မ ကောင်းဘူး။ မီးပုံးပျံကွဲကျတယ် ဆိုတာ ယမ်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ စက္ကူမကောင်းတာ တို့၊ ကော်ကပ်မကောင်းတာတို့၊ ရာသီဥတု၊ မီးစာတို့ကြောင့် အ ကြောင်းအမျိုးမျိုးရှိပါတယ်။ယမ်း နည်းနည်းနဲ့ ပေါ့ပေါ့တက်သွား ရင်လည်းအပေါ်မှာ ကျွမ်းပစ်တာ တွေဖြစ်နိုင်တယ်’’ဟု ကိုမင်းက ပြောသည်။

ယမ်းပိဿာချိန် လျှော့ချ မည်ဆိုပါက ကြိုတင်ပြင်ဆင်ထား  သည့် မီးပုံးပျံအဖွဲ့များ လျှော့ချ  မည့် ယမ်းပိဿာချိန်ကိုထားရန် နေရာအခက်အခဲနှင့် လွှတ်တင် ရန် အခက်အခဲများဖြစ်ပေါ်နိုင်ပြီး ယမ်းခွေအလေးချိန်ကို ယခင်နှစ် အတိုင်း သတ်မှတ်ပေးရန် မီးပုံးပျံ ပြိုင်ပွဲ ကျင်းပရေးကော်မတီ အ စည်းအဝေးတွင် တောင်းဆိုမည် ဖြစ်ကြောင်း ဦးသန်းဇော်က ပြောသည်။ ‘‘ဒီအတိုင်း သတ်မှတ်လိုက်
 တော့ အခုလုပ်ထားတဲ့ မီးပုံးပျံက ကြီးနေပြီး ယမ်းကနည်းသွားတော့ လွှတ်တင်ရခက်တယ်။ ၃၅ပိဿာ  ပဲထည့်ရမယ်ဆိုတော့ ယမ်းခွေမှာ ပါတဲ့ ယမ်းအမျိုးအစား ဘာကို လျှော့ရမှန်းမသိတော့ဘူး။ အရင် အတိုင်းလုပ်ပေးဖို့ ပြောရမှာပဲ’’ ဟု ညမီးကြီးပြိုင်ပွဲဝင်မည့်တိမ်ယံ မီးအဖွဲ့မှ မီးဆရာ ကိုစိုင်းအောင် ဖြိုးက ပြောသည်။

ညမီးကြီးပြိုင်ပွဲဝင် မီးပုံးပျံ တစ်လုံး၏ ကုန်ကျစရိတ်သည် ကျပ်သိန်း ၄၀ ခန့်ရှိသည်ဟု တောင်ကြီးဒေသခံ မီးပုံးပျံအဖွဲ့အချို့ထံမှ သတင်းရရှိသည်။

၂၀၁၅ တောင်ကြီးတန် ဆောင်တိုင်ပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် မီးပုံးပျံများကို အောက် တိုဘာ ၅ ရက်မှ ၁၈ ရက်အထိ ပြိုင်ပွဲကျင်းပရေး ကော်မတီထံ စာရင်းပေး သွင်းနိုင်ပြီး ညမီးကြီးဝင်ကြေး ၈၀၀၀ ကျပ်၊ စိန်နားပန် ၀င်ကြေး ၅၀၀၀ ကျပ်နှင့်နေ့လွှတ်ဝင်ကြေး ၁၅၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအဖွဲ့မှ သတင်းရရှိသည်။

၂၀၁၄ တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အ ဝေရာမီးပုံးပျံကွင်းတွင် အောက် တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ရက်အထိ ကျင်းပခဲ့ပြီး ညမီးကြီး ၈၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၄ လုံးနှင့် နေ့လွှတ် ခြေနှစ်ချောင်း အရုပ် ၉၀၊
 ခြေလေးချောင်းအရုပ် ၆၂၊ အုပ်စု ၃၀ လုံး၊ စုစုပေါင်း မီး ပုံးပျံအရေအတွက်
အလုံးပေါင်း ၃၀၀ ကျော်ပါဝင် ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။

7Day Daily


Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment