ခမရ-၄၂၅ တပ်ရင်းမှ ရွာသားများထံ ဆက်ကြေးငွေ ပေးဆောင်ရန်တောင်းဆို



1.10.2015

အစိုးရစစ်တပ်မှ ဝမ်ရင်အခြေစိုက် ခမရ-၄၂၅ တပ်ရင်း မှ ဆီဆိုင်၊ဟိုပုန်းနှင့် လွိုင်လင် အတွင်းရှိ ကျေးရွာ
၈ ရွာအတွင်းမှတစ်ရွာလျှင် ရွာဥက္ကဌနှင့် ရပ်မိရပ်ဖ နှစ်ဦး ကို စည်းဝေးလာတက်ရန် ခေါ်ပြီး ရွာသားများထံ ဆက်ကြေးငွေပေးဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁း၃၀ နာရီအချိန်ခန့်တွင် ဝမ်ရင်အခြေစိုက် တပ်ရင်း-၄၂၅ ကိုယ်စား ဗိုလ်ကြီးကျော်ခိုင် ဦးဆောင်ပြီး ဝမ်ရင်မှ နားခိုက်အုပ်စု ဝမ်တိ သို့သွားပြီး ရွာထဲတစ်ညနားကာ ၂၇ ရက်နေ့ နံနက် ၁၀းဝ၀ နာရီခန့်တွင် ရွာ ၈ ရွာမှ တစ်ရွာလျှင် ရွာဥက္ကဌနှင့်အတူ ရပ်မိရပ်ဖ ၂ ဦးဆီ ခေါ်ပြီး ဝမ်တိသို့ စည်းဝေးလာတက်ရန် ခိုင်းစေခဲ့ကြောင်း သိရတယ်။

စည်းဝေးအတွင်း၌ ဗိုလ်ကြီးကျော်ခိုင်က ရွာ ၇ ရွာထံ မှ တစ်ရွာလျှင် ဆက်ကြေးငွေ ၃၀ဝ၀ဝ၀ (၃ သိန်း)ကျပ် နှင့် ကျန်တဲဝမ့်ခမ်းရွာတစ်ရွာကိုတော့ ၁၂၀ဝ၀ဝ၀ (၁၂ သိန်း)ပေးသွင်းရမည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁းဝ၀ နာရီအထိ နောက်ဆုံးထားပြီး ဝမ်ရင်သို့ လာရောက်သွင်းပေး ရန် အမိန့်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးမှ သတင်းပေးပို့ခဲ့ပါတယ်။

ဆက်ကြေးငွေ ပေးသွင်းရတဲ့ ရွာ၈ရွာမှာ- ဟိုင်းနွဲရွာ၊ဆီးဟို့၊လုံမွန်း၊ နမ့်မော်ကျောက်၊နမ့်မော်ခက်၊ပန်ဟိုင်း၊ ဝမ့်တိ နှင့် ဝမ့်ခမ်းနမ့်ရောက် ရွာတို့ဖြစ်ပြီး စုစုပေါင်းငွေကျပ် ၃၃၀ဝ၀ဝ၀ကျပ်(၃၃ သိန်း) ကို ရွာ ၈ ရွာမှ ပေးဆောင်ရသည်ဟု ဒေသခံတစ်ဦးမှ သတင်းပေးပို့ခဲ့ပါတယ်။

#Tai Freedom
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment