ကျိုချန်း၊ အောက်တိုဘာလ ၂၇ ရက် (ဆင်ဟွာ)
တရုတ်သည် Tianhui-1C မြေပုံကြည့် ဂြိုဟ်တု အား အနောက်မြောက်ပိုင်း ပြည်နယ် ဂန်ဆု ရှိ ကျိုချန်း ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ အောက်တိုဘာလ ၂၆ ရက်နေ့ ၊ နေ့လည် ၃း၁၀ မိနစ်တွင် ဂြိုဟ်ပတ် လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုအား Long March 2D ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ ဖြင့် တင်ဆောင် သွားခြင်း ဖြစ်ပြီး Long March ဒုံးပျံ အမျိုးအစား၏ ၂၁၅ ကြိမ်မြောက် လွှတ်တင်မှု ဖြစ်ကြောင်း ဒုံးပျံ ထုတ်လုပ်သူ တရုတ် အာကာသ သိပံ္ပနှင့် နည်းပညာ ကော်ပိုရေးရှင်း (CASTC) ၏ ပြောကြားချက်အရ သိရသည်။
ဂြိုဟ်တု၏ ပုံစံဒီဇိုင်းအား CASTC ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုမှ ရေးဆွဲခြင်း ဖြစ်ပြီး Tianhui-1C ဂြိုဟ်တုသည်Tianhui-1 ဂြိုဟ်တု အမျိုးအစား၏ တတိယမြောက် ဂြိုဟ်တု ဖြစ်ကာ ၄င်းကို သိပံ္ပ နည်းကျ စမ်းသပ်မှုများ၊ မြေပြင် အရင်းအမြစ် လေ့လာခြင်း၊ မြေပုံ ရေးဆွဲခြင်း၊ သီးနှံ အထွက်နှုန်း ခန့်မှန်းခြင်း နှင့် သဘာဝ ဘေးအန္တရာယ် လျော့ပါး စေခြင်း တို့တွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment