NCA အတွက် ဆွေးနွေးပွဲအောင်မြင်ရန် ဘာသာပေါင်းစုံက ဆုတောင်းခဲ့

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အတွက်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့  ခေါင်းဆောင်များနှင့် နိုငံတော် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရအဖွဲ့တို့ စက်တင်ဘာလ ၉ရက်နေ့တွင် နေပြည်တော် ၌ ပြုလုပ်မည့် ဆွေးနွေးပွဲ အောင်မြင်ရေးအတွက် ကရင်ပြည်နယ်၊ဘာသာပေါင်းစုံမှ ဆရာတော်များက ဖားအံမြို့ ရှိ၊ ဂါဘနာ (GABANA) ဟိုတယ်၌ စက်တင်ဘာ ၇ရက်နေ့က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆုတောင်းပွဲသို့ ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာဝင် ခေါင်း ဆောင်များ၊ ဆရာတော်များနှင့်လူငယ်များပါဝင်ပြီး NCA တွင်နောက်ဆုံး ကျန်ရှိနေ သည့် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အရေအတွက်ကိစ္စ နှစ်ဖက် ရလဒ်ကောင်းများ ပေါ်ထွက်ရန် ရည်ရွယ်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်က ဦးဆောင် ကျင်းပခြင်းဖြစ်သည်ဟု ဦးဆောင်စီစဉ်သူတဦးဖြစ်သည့် ဆရာစောကျော်စွာက ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့က တဖက်သတ် ဆုတောင်းတာ မဟုတ်ဘူးပေါ့နော်။ နိုင်ငံတော်အစိုးရက ၆ဖွဲ့ကိုတော့ လက်မခံဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေက အဲဒီ့ ၆ဖွဲ့ကို ပါစေချင်တယ်။ အသေဆုပ်ကိုင်ထားတာ မဟုတ်ဘဲနဲ့ နှစ်ဦးနှစ်ဖက်မည်သူပါသင့်မပါသင့် သေချာညှိနှိုင်းပြီးတော့မှ ပြည်သူအတွက် ရှေးရှုပြီးအောင်မြင်
ဖို့အတွက် ဆုတောင်းတာဖြစ်တယ်”ဟု ဆရာကျော်စွာက ပြောသည်။

ထိုနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သည့် အဆိုပါဆုတောင်းပွဲတွင် ဘာသာကြီးလေးခုမှ ဆရာတော်ကြီး များက ဆိုင်ရာဘာသာအလိုက် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်မြင်ရန် အသီးသီး ဆုတောင်းပေးခဲ့ပြီး အခုလို ဘာသာကြီးလေးခု ပူးပေါင်းကာ ဆုတောင်းပေးနိုင်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဘာသာပေါင်းစုံအနေဖြင့် ငြိမ်းချမ်းရေး ရရှိလာသည်ဟု ခံစားရကြောင်း သိက္ခာတော်ရ ဆရာမန်းပါမန် စတန်က ကေအိုင်စီသို့ ပြောသည်။

“သမ္မတဦးသိန်းစိန်သက်တမ်းမှာ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် လက်မှတ်ထိုးဖို့ အမျိုးမျိုး ကြိုးပမ်း မှုတွေထဲက အခု အပြီးသတ်နိုင်တော့မှာဖြစ်တဲ့အတွက် အောင်မြင်ပါစေကြောင်း ဘုရားသခင် ကူညီမစဖို့ အတွက် ဆုတောင်းပေးပါတယ်”ဟု သိက္ခာ တော်ရဆရာတော် မန်းပါမန်စတန်က ကေအိုင်စီ သို့ ပြော သည်။

ကရင်ပြည်နယ်တွင် ဘာသာပေါင်းစုံဆုတောင်းပွဲများ မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း ယခုလို ငြိမ်းချမ်းရေးအတွက်ဘာသာပေါင်းစုံဆုတောင်းပွဲကိုပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်းဆုတောင်းပွဲ စီစဉ်သူများထံမှ သိရသည်။လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ၉ဦးနှင့် နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အစိုးရ အဖွဲ့တာဝန်ရှိသူများ နေပြည်တော်ရှိ၊ MCC ခန်းမ၌ ယနေ့ နံနက် ၉နာရီမှ စတင်ကာ တွေ့ဆုံဆွေးနွေးနေပြီးဖြစ်ကြောင်း နေပြည် တော်မှလာသည့် သတင်းများ အရ သိရသည်။

ကေအိုင်စီ

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment