လက်ရှိအချိန်မှစ၍ ရွေးကောက်ပွဲကာလအတွင်း ဖေ့စ်ဘွတ်ခ်တွင်သတင်းမှားများ ရေးသားဖော်ပြပါ က ထောင် ကျနိုင်သည့် ဥပဒေများဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြင်းပြင်းထန်ထန် အရေးယူသွား မည်ဖြစ် ကြောင်း သိရသည်။
ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ပြုလုပ်ချိန်ကာလအတွင်း
ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပါတီတစ်ခုနှင့် တစ်ခုအမုန်းပွားစေသည့်အကြောင်းများ၊မဟုတ်မမှန်သည့်သတင်းများအစရှိသည်တို့ကို ရေးသား ဖော်ပြပါက
ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)နှင့် သော်လည်းကောင်း၊ ဆက်သွယ်ရေး အက်ဥပဒေပုဒ်မ
၆၈(က)နှင့် သော် လည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင့် ဆွေက ပြောသည်။
ထိုသို့ ပြုလုပ်ခြင်းမှာလွတ်လပ်မှုကို ပိတ် ပင်ခြင်းမဟုတ်ဘဲ၊ အကောင်းဆုံးဖြစ်အောင် ရည်ရွယ်၍ဆောင် ရွက်ခြင်းဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက ပြောသည်။
”ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဖေ့စ် ဘွတ်ခ်ကလည်း မကျယ်ပြန့်သေးဘူး။ စာပေ စိစစ်ရေးလည်း ရှိခဲ့တယ်။ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့က ဒီရွေးကောက်ပွဲက ပထမဆုံး အကြိမ် စတင်ကိုင်တွယ် ရခြင်းဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ပြီး လုပ် တာပါ” ဟု ၄င်းကပြောသည်။
ပုဒ်မ ၅ဝ၅ (ခ)သည် အမြင့်ဆုံး ထောင် ဒဏ်နှစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး နိုင်ငံ တော်အစိုးရ (သို့မဟုတ်) နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ် ယောက်သောသူက အများပြည်သူကိုသော် လည်းကောင်း၊ လူတစ်စုကိုသော် လည်း ကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေလျှင် ဤပြစ်မှု မြောက်သည်ဟု သိရသည်။
အရေးယူရာတွင် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆက်သွယ် ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာနတို့မှပူးပေါင်း၍ အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေး အက်ဥပဒေ ပုဒ်မ ၆၈ (က)အရ အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ပြီး မမှန်ကန်သည့်သတင်း အချက်အလက်အား မရိုးဖြောင့်သောသဘော ဖြင့် ဖြန့်ချိပါက ထိုပြစ်မှုမြောက်သည် ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မုန်းချောင်း ရေလှောင်တမံ ကျိုးပေါက်ပြီဆိုသည့် သတင်း မှား ဖော်ပြခဲ့ကြ သည့် ဖေ့စ်ဘွတ်ခ်အကောင့် ပိုင်ရှင်နှစ်ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ အရ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖော်ထုတ်အရေး ယူရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေဝေယံ
ပေါ်ပြူလာ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ
အမတ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးကို ၂၇နှစ်ပြည့် ပါတီ
နှစ်ပတ်လည်နေ့ပွဲဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင် ထားကြောင်း တ.စ.ည
ပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းက စက်တင်ဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။
ပါတီဌာနချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်း၌ စက်တင်ဘာ ၂၄ရက်တွင် ပြုလုပ်မည့် ယင်းပါတီနှစ်ပတ်လည်ပွဲသို့ ရန်ကုန်တိုင်းမှ ၀င်ပြိုင်မည့် တ.စ.ည အမတ်လောင်းများ တက်ရောက်ကြမည်ဟုဆိုသည်။
"ရန်ကုန်က ၀င်မယ့် အမတ်လောင်းတွေ လာမယ်။ အဲဒီမှာပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အရှိန်မြှင့်ဖို့ ဥက္ကဌ သ၀ဏ်လွှာတွေ၊ မူဝါဒလမ်းစဉ်တွေကို ချပြပြီး အောင်နိုင်ရေးအတွက် အရှိန်မြှင့် မယ်။ ပါတီဌာနချုပ်မှာပဲ ပါတီဝင်အပါအ၀င် အင်အား ၇၀၀ လောက်တက်ဖို့ ဖိတ်ထားတယ်။" ဟု ဦးသိန်းထွန်းက ပြောသည်။
ရန်ကုန်တိုင်း မြို့နယ် ၄၅ ခုအနက် ၄၃ မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်အတွက် ၄၃၊ ပြည်သူ့လွှတ်တော် ၄၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ စုစုပေါင်း ၉၈ နေရာ ၀င်ပြိုင်မည်ဖြစ်သည်။
တ.စ.ည ပါတီက ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အများလိုက် အမတ်လောင်းများကိုယ်တိုင်ဦးစီးကာ မဲဆွယ်စည်းရုံးရေးများကို ပြုလုပ်ကြရန် လမ်းညွှန် ထားသည်ဟု တ.စ.ည ပြောခွင့်ရထံမှ သိရသည်။
ယင်းအပြင် မဲဆွယ်စည်းရုံးရေးကာလနှင့် တိုက်ဆိုင်သည့် ပါတီ ၂၇နှစ်ပြည့်ပွဲတွင်လည်း အမတ်လောင်းများ အောင်နိုင်ရေးအတွက် ပါတီဗဟိုကအောင်နိုင်ရေးမူဝါဒများဖြင့် အားဖြည့်ဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဦးသိန်းထွန်းကဆိုသည်။
တ.စ.ည ပါတီက ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ၂၀၈ နေရာ၊ အမျိုးသားလွှတ်တော် ၉၈နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ၄၅၇ နေရာ စုစုပေါင်း ၇၆၃ နေရာ ၀င်ပြိုင်ရန် ပြင်ဆင် ထားသည်။
တ.စ.ည ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ၁၁နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် ၆၁ နေရာ အနိုင်ရရှိခဲ့သည်။
- See more at: http://mizzimaburmese.com/article/4415#sthash.ndKzmsmL.8FEHXRxm.dpuf

ပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းက စက်တင်ဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။ပါတီဌာနချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်း၌ စက်တင်ဘာ ၂၄ရက်တွင် ပြုလုပ်မည့် ယင်းပါတီနှစ်ပတ်လည်ပွဲသို့ ရန်ကုန်တိုင်းမှ ၀င်ပြိုင်မည့် တ.စ.ည အမတ်လောင်းများ တက်ရောက်ကြမည်ဟုဆိုသည်။

0 comments:
Post a Comment