ဦးဇိုဇမ်နှင့် ဦးစိုင်းအိုက်ပေါင်းကို NBF ဒုသမ္မတလောင်းအဖြစ် ရည်မှန်းထားဟုဆို


15.9.2015

နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၇၁၀ ကျော် ပါဝင်ယှဉ်ပြိုင်မည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ဒုတိယသမ္မတလောင်း အဖြစ် ရည်မှန်း
ထားကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“သူတို့နှစ်ဦးကို လျာထားတယ် ဆိုတာထက် ရွေးကောက်ပွဲကိုလည်း ဖြတ်သန်းရဦးမှာ ဆိုတော့ ရည်မှန်းထားတယ်ပေါ့ဗျာ။ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက လူတွေကြားမှာ ပေါ်ပြူလာ ဖြစ်တယ်ပေါ့” ဟု ပြောကြားသည်။

တိုင်းရင်းသားပါတီပေါင်း ၂၀ ကျော် ပါဝင်သည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းသည် မဲဆန္ဒ
နယ်မြေ စုစုပေါင်း ၇၁၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ဒုသမ္မတအဆင့် အရည်အချင်း ပြည့်မီသူများကို ရွေးချယ်ထားကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က The Voice သို့ ပြောကြားထားသည်။

“NBF အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကိုယ့်ပြည်နယ်နဲ့ကိုယ်၊ ကိုယ့်ပါတီတွေနဲ့ အစိုးရဖွဲ့နိုင်ဖို့ အဓိက ရည်မှန်းထားတာ ဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ NBF ကိုယ်စားပြုတဲ့ ဒုသမ္မတလောင်း တစ်ယောက်ကို တင်ပေးဖို့ ရှိပါတယ်။ ဒီနှစ်ချက်ကတော့ အများရှေ့မှာ မကြေညာခဲ့တဲ့ ကိစ္စတွေ ဖြစ်ပါ
တယ်။ ဒီဟာက ကိုယ့်ရဲ့ NBF အချင်းချင်းကြားမှာ NBF စထောင်ကတည်းက ရှိထားတဲ့ ပေါ်လစီတစ်ခုပါ” ဟု ပြောကြားသည်။

သို့သော် အဆိုပါကိစ္စများကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ အားလုံးက အစည်းအဝေး
ဆုံးဖြတ်ချက်ဖြင့် သဘောတူ ဆုံးဖြတ်ထားခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲရလဒ်ကိုလည်း စောင့်ကြည့်ရဦး
မည်ဖြစ်ပြီး ဒုသမ္မတအဖြစ် အမည်စာရင်း တင်သွင်းမည် ဆိုပါက ပါတီဥက္ကဋ္ဌအဆင့် ရှိသူ မဲရရှိထားသည့် ရာခိုင်နှုန်း၊ မြန်မာ့နိုင်ငံရေး အခြေအနေ ကျွမ်းကျင်မှု စသည့် သတ်မှတ်ချက်များနှင့် ပြန်လည်စိစစ်ရမည်
 ဖြစ်ကြောင်း NBF ထံမှ သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက
“ကျွန်တော်တော့ မသိသေးဘူး။ နိုင်မှ (ရွေးကောက်ပွဲ) ဖြစ်မှာပေါ့၊ အမျိုးသားလွှတ်တော်ထဲ ရောက်မှ
 ရွေးကြပြုကြမှ ဖြစ်မှာလေ” ဟုပြောကြားသည်။

NBF အဖွဲ့ကို ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီများဖြင့် အစပြုကာ ၂၀၁၀
 ပြည့်နှစ် စက်တင်ဘာလ ၁၈ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေး၊
 ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးကို အဓိကလုပ်ဆောင်
နေကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

‪#‎The‬ Voice Weekly
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment