၆၆ နှစ်မြောက် တရုတ်နိုင်ငံ ထူထောင်ခြင်း အခမ်းအနား နေပြည်တော်၌ ပထမဆုံး ကျင်းပ




၆၆ နှစ်မြောက် တရုတ်ပြည်သူ သမ္မတနိုင်ငံ ထူထောင်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပခဲ့သည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ကျင်းပသည့် အခမ်းအနားတွင် ၂၀၁၅ ခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့သည့် ၆၅ နှစ်ပြည့်သည့်နှစ်လည်းဖြစ် သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟုန်လျန်ကပြောသည်။

တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ၂၀၁၁ ခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး တည်ထောင်နိုင်ခဲ့ပြီး၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အနီးကပ် မိတ်ဆွေ အိမ်နီးချင်းနိုင်ငံအဖြစ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းကိုလည်း ဖြစ်ပေါ်စေခဲ့သည်ဟု တရုတ်သံအမတ်ကြီးပြောသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အပါအ၀င် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တရုတ်အမျိုးသားနေ့အဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်သည့် ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အား သတ်မှတ်ထားသည်။

ယခင်စစ်အစိုးရက နေပြည်တော်ကို တည်ဆောက်ပြီးနောက် ပထမဆုံး ရွေ့ပြောင်းဖွင့်လှစ်သည့် သံရုံးမှာ တရုတ်သံရုံး ဖြစ်သည်။

Ref; Xinhua
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment