ဒေါ်နန်းမိုခမ်း
လွှတ်တော်ထဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းတို့၏ အသံ
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအား နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ် ရာ နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများက သက်ဆိုင်ရာမဲဆန္ဒနယ် များတွင် စည်းရုံရေးလုပ်ငန်းများအား ဆောင်ရွက်နေကြသကဲ့သို့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့ဆန္ဒမဲ ပေးရွေးချယ်ကြရမည့် ပါတီအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ လှုပ်ရှားဆောင်ရွက်မှု များကို စောင့်ကြည့်လေ့လာလျက်ရှိပါသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ရပ်တည်လျက်ရှိသော ကမ္ဘောဇတိုင်းသတင်းဂျာနယ်အနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ ၀င်ရောက် အရွေး ချယ်ခံကြမည့် နိုင်ငံရေးပါတီများ မိတ်ဆက်ကဏ္ဍအား အပတ်စဉ်ထုတ်ဂျာနယ်စာမျက်နှာများတွင် ရေး သားဖော်ပြလျက်ရှိသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရည်ရွယ်ချက်၊ အမြင်သဘောထားများ အား မဲဆန္ဒရှင်ပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းမှ ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်များသို့ ကမ္ဘောဇတိုင်းသတင်းဂျာနယ် သတင်းထောက် မေနိုရာခင် က အောက်ပါ မေးခွန်း ၅ ခုဖြင့် ဆက်သွယ်မေးမြန်းမှုများပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် များ၏ ဖြေကြား ချက်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
၁။ ပါတီတွင်ထမ်းဆောင်နေသည့်တာဝန်နှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်
၂။ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရသည့် အဓိကအကြောင်းရင်း
၃။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များ
၎။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြ့ပါက ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ
၅။ ကျင်းပပြုလုပ်တော့မည့် ရွေးကောက်ပွဲအပေါ် အမြင်သဘောထား
ဒေါ်နန်းမိုခမ်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(ပါတီဝင်)
ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည့် မဲဆန္ဒနယ်(အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ )
ဝင်ရောက်ယှဉ်ပြိုင်တဲ့အကြောင်းရင်းက အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို ကာ ကွယ်ပေးချင်တဲ့ဆန္ဒကြောင့် ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။ လွှတ်တော်ထဲမှာ ထိရောက်တဲ့ဥပဒေတွေပြဋ္ဌာန်း ပြီး လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်ပါ။
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို လုပ်ဆောင် သွားမယ်။ ငြိမ်းချမ်းကဏ္ဍကလည်း မဖြစ်မနေလိုအပ်တယ်။ ငြိမ်းချမ်းရေးမရှိရင် ပြည်နယ်က ပိုပြီးဒုက္ခရောက် ရတယ်။ ငြိမ်းချမ်းရေးက အဓိကကျတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အလမ်းကိုလည်း ထည့်စဉ်းစားပေးရ တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကဏ္ဍပေါင်းစုံကို တတ်နိုင်တဲ့ဘက် လုပ်ဆောင် သွားပါမယ်။
အနိုင်မရခဲ့ရင်လည်း လွှတ်တော်ပြင်ပကနေ ကိုယ်လုပ်ဆောင်ပေးလို့ရတဲ့ အခန်းကဏ္ဍတွေကို ပူးပေါင်း ပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။
မျှော်လင့်ထားတဲ့အတိုင်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မလာမှာကို စိုးရိမ်ပါတယ်။ ကော်မရှင်က လည်း ပြောထားတယ်။ မဲစာရင်းက ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်တယ်။ ၇၀ ရာခိုင်နှုန်းက မှားယွင်းမှုရှိနိုင်တယ်ဆို တော့ မဲပေးမယ့် စာရင်းတောင်အဲဒီလိုမျိုးဆိုတော့ပေါ့နော်။ ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကလည်း ထိခိုက်လာနိုင်တယ်။ စည်းရုံးရေးကောင်းကောင်း မဆင်းနိုင်တော့ ပြည်သူတွေကလည်း သိသင့်သိ ထိုက်တာတွေ သေသေချာချာမသိဘူး။ မဲပေးရမယ်ဆိုတာတောင် သေသေချာချာမသိဘူး။ ဒါတွေကြောင့် စိုးရိမ်မိတာပါ။
0 comments:
Post a Comment