ဒေါ်နန်းမြဦး
လွှတ်တော်ထဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းတို့၏ အသံ
          ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအား နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ရာ နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများက သက်ဆိုင်ရာမဲဆန္ဒနယ် များတွင် စည်းရုံရေးလုပ်ငန်းများအား ဆောင်ရွက်နေကြသကဲ့သို့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့ဆန္ဒမဲ ပေးရွေးချယ်ကြရမည့် ပါတီအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ လှုပ်ရှားဆောင်ရွက်မှု များကို စောင့်ကြည့်လေ့လာလျက်ရှိပါသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ရပ်တည်လျက်ရှိသော ကမ္ဘောဇတိုင်းသတင်းဂျာနယ်အနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ ၀င်ရောက် အရွေး ချယ်ခံကြမည့် နိုင်ငံရေးပါတီများ မိတ်ဆက်ကဏ္ဍအား အပတ်စဉ်ထုတ်ဂျာနယ်စာမျက်နှာများတွင် ရေး သားဖော်ပြလျက်ရှိသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရည်ရွယ်ချက်၊ အမြင်သဘောထားများ အား မဲဆန္ဒရှင်ပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းမှ ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်များသို့ ကမ္ဘောဇတိုင်းသတင်းဂျာနယ် သတင်းထောက် မေနိုရာခင်က အောက်ပါ မေးခွန်း ၅ ခုဖြင့် ဆက်သွယ်မေးမြန်းမှုများပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဖြေကြား ချက်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
၁။       ပါတီတွင်ထမ်းဆောင်နေသည့်တာဝန်နှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်
၂။       ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရသည့် အဓိကအကြောင်းရင်း
၃။       ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များ
၎။       ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြ့ပါက ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ
၅။       ကျင်းပပြုလုပ်တော့မည့် ရွေးကောက်ပွဲအပေါ် အမြင်သဘောထား
ဒေါ်နန်းမြဦး
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (တောင်ကြီးမြို့နယ်အတွင်းရေးမှူး ၃)
ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့်မဲဆန္ဒနယ် (ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
          ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခဲ့မယ်ဆိုရင် ပြည်နယ်လွှတ်တော်ဆိုတော့ ပြည်နယ်နဲ့သက်ဆိုင်တဲ့ လူ နည်းစုအခွင့်အရေးတေါကို ရနိုင်သမျှလုပ်မ်။ ရှမ်းပြည်နယ်မှာ လူငယ်တွေများတယ်။ ဥပမာ တချို့ကျေးရွာတွေ မှာ လူနည်းစုအခွင့်အရေးတွေကို ရှာဖွေဖော်ထုတ်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖြစ်စေချင်တဲ့ အမျိုး သားထုအချင်းချင်း၊ အမျိုးသမီးထုအချင်းချင်း အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်သွားမယ်။ ကျန်းမာရေး ၀န်ဆောင်မှုအနေနဲ့ ပင်လုံ၊ လွိုင်လင်ခရိုင်ဘက်မှာ လုပ်ဖို့မေ့နေတာလား၊ အားနည်းနေတာလားမသိတဲ့ အနာကြီးရောဂါသည်တေါရှိတယ်။ တောင်ကြီးမှာလာပြီး အလုပ်လုပ်ဖို့ဆိုတာကလည်း ရောဂါသည်ဖြစ်တဲ့အ တွက် အလုပ်က မပေးနိုင်ဘူး။ အဲဒါက အလုပ်ချင်ဆုံးပေါ့နော်။ ပါတီအနေနဲ့ ပင်မဆောင်ရွက်လိုတာကို ပြောရ မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပါပဲ။
          ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ လွှတ်တော်ပြင်ပအား ကောင်းအောင်ရှုံးတဲ့နေရာမှာ တစ်ယောက်တည်း ရှုံးတာ တာလည်းဖြစ်ချင်ဖြစ်မယ်။ တစ်ပါတီလုံးရှုံးတာလည်းဖြစ်ချင်ဖြစ်မယ်။ ကိုယ်တစ်ယောက်တည်းရှုံးတာဆိုရင် တခြားလွှတ်တော်သုံးရပ်က ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ကိုယ့်ပြည်နယ်ရဲ့ လိုအပ်ချက်တွေ ကို သူတို့ဆီကနေ လွှတ်တော်ထဲကိုသွင်းမယ်။ လွှတ်တော်ပြင်ပကနေဆိုရင် အမျိုးသမီးထုရဲ့အကျိုးကို ဆောင် ရွက်သွားမယ်။ ဒီမိုကရေစီကို ပြည်သူတွေ နားမလည်သေးဘူး။ အခွင့်အရေးတွေ၊ ဒီမိုကရေစီအရေးတွေကို မသိကြသေးဘူး။ ဒါတွေကိုလုပ်မယ်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလို့ ပြင်ပထွက်နေရတာကို ပြန်ပြီး စည်းရုံးလို့ရတဲ့ဟာမျိုးကို ပြောပေးသွားမယ်။ အတိုက်အခံဒီမိုကရက်တစ်အဖြစ် ရပ်တည်သွားပါမယ်။
          ရွေးကောက်ပွဲကို ရာခိုင်နှုန်းအနေဖြင့် အပြည့်အ၀တော့ မယုံရဲပါဘူး။ မဲစာရင်းအပေါ်မှာလည်း အရင်တစ်ခေါက်ထက်စာရင် ပိုပြီးမှားနေတာကိုတွေ့နေရတယ်။ ၂၇ ရက်နေ့ မဲစာရင်းပိတ်မယ်ဆိုတဲ့အကြောင်း ကို မသိသေးတဲ့လူများနေသေးတယ်။ နောက်တစ်ခုက လက်နက်ကိုင်ဖြစ်တဲ့ ပြည်ထဲရေးနဲ့ တပ်မတော်ဘက်က အင်အားဘယ်လောက်ရှိတယ်ဆိုတာ မသိသေးဘူး။ ဘယ်နေရာမှာ မဲပေးမယ်ဆိုတာ မသိဘူး။ ဘယ်နေရာမှာ မဲပေးမယ်ဆိုတာ မသိဘူး။ တပ်ထဲမှာပဲ မဲပုံးထောင်မလားမသိသေးဘူး။ ကော်မရှင်ကလည်း တိတိကျကျမဖြေ ရှင်းနိုင်သေးဘူး။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ မယုံရဲသေးဘူး။
Kanbawza Tai News Journal
Share on Google Plus
About Unknown
    Blogger Comment
    Facebook Comment
0 comments:
Post a Comment