ရှမ်းပြည်နယ်တောင်ပိုင်း၊
နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာအုပ်စု၊ ဟိုက်ဖက်ကျေးရွာသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင်
RCSS/SSA အဖွဲ့တစ်ဖွဲ့မှ ရောက်ရှိလာပြီး ဒေသခံများအား ခြိမ်းခြောက်မဲဆွယ်ကာ အိမ်ထောင်စု
တစ်စုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံ
များထံမှ သိရှိရပါသည်။
“သူတို့အဖွဲ့က
ရွာထဲကိုဝင်လာပြီး ရွာသားတွေကို ရွာလူကြီးအိမ်မှာ စုခိုင်းတယ်၊ ပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာ
သူတို့ ရှမ်းပါတီကိုပဲ မဲပေးဖို့ ပြောတယ်၊ တစ်ခြားပါတီတွေ မဲလာဆွယ်ရင်လည်း နား မထောင်ဖို့နဲ့
လမ်းတွေ၊ အိမ်တွေမှာ တစ်ခြားပါတီတွေရဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတာ မမြင်ချင်ဘူး လို့ ပြောတယ်၊ လမ်းမှာထောင်ထားတာ တွေ့ရင် ရွာလူကြီးတွေကို အပြစ်ပေးမယ်၊ အိမ်မှာတွေ့ရင် အဲ့ဒီအိမ်ကို
အပြစ်ပေးမယ်လို့ ပြောသွားတယ်ဗျ၊ ပြီးတော့ တစ်အိမ်ကို ၃၀၀၀ ဆက်ကြေးကောက်သွား တယ်” ဟု
ရပ်မိ ရပ်ဖတစ်ဦးမှ ပြောပါသည်။
RCSS/SSA
အဖွဲ့သည် နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာများအပြင် လဲချားမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်များ
အတွင်းရှိ ကျေးရွာများတွင်လည်း ဆက်ကြေးငွေများ ကောက်ခံထားကြောင်း ဒေသခံရွာသားများ၏
ပြောပြ ချက်အရ သိရှိရပါသည်။
RCSS/SSA
အနေဖြင့် ယခုလို ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးရေး ပြင်ဆင်နေသည့်အချိန် တွင် ဒေသခံတိုင်းရင်းသားများအား
မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးပါတီ တွေကိုမတိုက်ခိုက်ရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲတွင်တရားမျှတတဲ့နည်းဖြင့် နိုင်အောင် လုပ်ဆောင်ရန်
လိုအပ်ကြောင်းနှင့် ဆက်ကြေးငွေများ ကောက်ခံခြင်းသည် ငြိမ်းချမ်းရေးသဘော တူညီချက် များကို
ချိုးဖောက် ရာရောက်နေကြောင်း နမ့်စန်ရှေ့နေတစ်ဦးမှ ပြောပါသည်။
ခွန်စစ်အောင်
0 comments:
Post a Comment