ဘင်္ဂါလီများအား လူကုန်ကူးမှု စွဲချက်ဖြင့် ရေတပ် အရာရှိကြီးများ အပါအဝင် ထိုင်းရဲများ အစုအပြုံ လိုက် အရေးယူခံရ



ဘင်င်္ဂါလီများအား လူကုန်ကူး မှုတွင် အရေးယူရန် ပျက်ကွက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင် ၃၂ ဦး အရေးယူ ခံရသည်။ ၄င်းရဲများမှာ ထိုင်း နိုင်ငံဥပဒေကို မျက်ကွယ်ပြုမှုဖြင့် ယင်းသို့ အရေးယူခံရခြင်းဖြစ်ရာ စွဲချက်မတင်မီ နိုင်ငံ အစွန်အဖျား ဒေသများ သို့ ရွှေ့ပြောင်းခံ ရကြောင်း သိရသည်။ ပြီးခဲ့သည့် တနင်္လာနေ့က ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ပရာဝတ်ဝန်ဆူဝန် ကြီးမှူး သည် ရဲချုပ် အစည်းအဝေး အပြီး ယခုကဲ့သို့ ဆောင်ရွက် ခဲ့ခြင်းဖြစ် သည်။ ရဲချုပ် ဆွန်ယောက်ဖွန်ပန် မန်၏ အဆိုအရ အထက်ပါ အစည်း အဝေး ဆုံးဖြတ်ချက်ဖြင့် အဆိုပါ ရဲအရာရှိ ၃၂ ဦးကို အရေးယူခဲ့ ခြင်းဖြစ်ပြီး ထိုင်း ဗဟိုထောက်လှမ်း ရေး ဗျူရို အကြီးအကဲ၏ တင်ပြချက် ကြောင့် အမှုပိုကြီး သွားခြင်း ဖြစ် သည်။
ဗဟိုထောက်လှမ်းရေး ဗျူရို မှာ ရာဇဝတ်မှုနှိမ်နင်းရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အပိုင်း တွင် လက်စောင်းထက် လှပြီး မသမာသူ ရဲဝန်ထမ်း များကို ကာလရှည်ကြာ ကပင် စောင့်ကြည့် အရေးယူသည့် ဖြစ်စဉ်များ ရှိခဲ့ဖူး သည်။
ဘင်္ဂါလီများကို ထိုင်းရေပိုက် နက် လှေစီးပြေးနေစဉ် အတွင်း ဖမ်းမိခြင်းဖြစ်ရာ ၄င်းတို့မှာ မလေး ရှားနိုင်ငံသို့ ဝင်ရောက် ခိုလှုံမည့် သူများဖြစ် ကြသည်။ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝတ်က  ”တခြား တခြားသော နေရာတွေ မှာလိုပါပဲ တပ်ထဲမှာဖြစ်ဖြစ်၊ ရဲထဲ မှာဖြစ်ဖြစ် လူကောင်း ရှိသလို လူဆိုးလည်းရှိတာပါပဲ။ လောကီ သားတွေကိုး”ဟု ဆိုသည် လူကုန် ကူးမှုတွင် ပတ်သက်နေသည် ဟူ သော စွဲချက်ဖြင့် ဖမ်း ဝရမ်းထုတ် ခံရသူ ကြည်းတပ် အရာရှိသုံးဦးနှင့် ရေတပ်ဗိုလ် တစ်ဦးကို ရည်ညွှန်း၍ ၄င်းက ယခုကဲ့သို့ ဆိုခြင်းဖြစ်သည်။ ရိုဟင်ဂျာ ကိစ္စဖြင့် စွဲချက်တင်ခံရသူ ခုနစ်ဦး အနက် အရာရှိလေးဦးမှာ ဘင်္ဂလား ပင်လယ်ပြင် လုံခြုံရေး အတွက် တာဝန် ရှိသူ တတိယ ဘုရင့်ရေ တပ်မတော်ဌာနချုပ်မှ ဖြစ်သည်ဟု ဆိုသည်။ ၄င်းတို့ အထဲတွင် ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦး၊ ဗိုလ်ကြီး အဆင့်ရှိသူ သုံးဦး ပါဝင်သည်။ စွဲချက် တင်ခံရသူ ဗိုလ်မှူးကြီး နာဆစ်က ဘင်္ဂါလီ လှေစီး ဒုက္ခသည် များကိစ္စမှာ နိစ္စ ဓူဝ ဖြစ်စဉ်ဖြစ်ပြီး ထိုင်းနိုင်ငံ ရေပိုင်နက် အလွန်တွင် မည်သို့မျှ အရေးယူ၍ မရဟု ဆိုသည်။
လက်ရှိတွင် ဖမ်းဝရမ်း ထုတ်ခံ ထားရသူ ရေတပ်နှင့် ရဲအရာရှိ ၁၅၃ ဦး အနက် ၉ဝ ကို ဖမ်းဆီးစစ်ဆေး နေပြီး ယင်းကိစ္စနှင့် ပတ်သက် နေသည့် ငွေကြေး ခဝါချမှုဖြင့် ဝရမ်း ထုတ်ခံရသူ ၇၇ ဦးအနက် ၃၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

Ref: Bangkok Post / Reuters
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment