ကချင်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးရန်စိတ်ဝင်စားမှုအနည်းဆုံးဒေသများဖြစ်ဟု WPA 2015 အဖွဲ့၏ သုတေသနအစီရင်ခံစာတွင် ဖော်ပြ
5.10.2015
ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှာ ၂၀၁၅ ရွေး ကောက်ပွဲတွင် မဲပေးရန် စိတ်ဝင်စား မှုအနည်းဆုံးဒေသများဖြစ်ကြောင်း Women Political Action 2015 အဖွဲ့မှထုတ်ပြန်သည့် အစီရင်ခံစာ အရ သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် ပြည် နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိမြို့ကြီး များအနီးတွင် ယခုနှစ် မေလမှ ဇွန်လ အထိ နှစ်လကြာပြုလုပ်ခဲ့သော မဲဆန္ဒ ရှင်များရွေးချယ်မှုနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်မှု သုတေသနပြုလုပ်ခဲ့ပြီး ထုတ် ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားခြင်းလည်းဖြစ်သည်။
WPA 2015 အဖွဲ့မှ မပျိုးလက် ဟန်က ''ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ
မဲပေးဖို့ စိတ်ဝင်စားမှုအနည်းဆုံးပဲ။ နယ်မြေမငြိမ်းချမ်းတာကြောင့်လဲ ဖြစ်နိုင်တယ်။ နိုင်ငံရေးပါတီတွေအ
နေနဲ့ ဒီဒေသတွေမှာ စည်းရုံးရေးတွေ ပိုလုပ်ဖို့လိုတယ်။ ပြည်သူတွေအ ကြောင်း ပိုသိအောင်လုပ်ဖို့လို
တယ်'' ဟု ပြောသည်။
၎င်းတို့အဖွဲ့၏ သုတေသနအရ အမျိုးသမီးများအနေဖြင့် ရွေးကောက် ပွဲဆိုင်ရာ သတင်းအချက်အလက်ရရှိ မှုအားနည်းနေဆဲဖြစ်ပြီး အချက်အ လက်များ ပိုမိုပျံ့နှံ့ရေးလုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ ယခုထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားကာ အမျိုးသမီးများ မဲမပေး ရသည့် အကြောင်းရင်းများတွင် လည်း မသိ၍ မဲမပေးခြင်းမှာ ၃၀ ရာခိုင်နှုန်း၊ မဲစာရင်းတွင် အမည်မပါ သဖြင့် မဲမပေးသူ ၂၂ ရာခိုင်နှုန်း၊
အိမ်ထောင်ဦးစီး မဲပေးလျှင် ကိုယ် တိုင် မဲပေးစရာမလိုအပ်ဟု ထင်မြင် သူ ၁၃ ရာခိုင်နှုန်းအထိ
ရှိနေကြောင်းလည်း သိရသည်။
ထို့အပြင် မဲဆွယ်စည်းရုံးသည့် နည်းလမ်းများအနက် လူထုသို့ လှုံ့ ဆော်စည်းရုံးခြင်းမှာ အထိရောက်
ဆုံးဖြစ်ပြီး ရုပ်မြင်သံကြားနှင့် ရေဒီ ယိုမှ မဲဆွယ်ခြင်းနှင့် တစ်အိမ်တက် ဆင်းမဲဆွယ်စည်းရုံးမှုများကိုလည်း လူထုမှ စိတ်ဝင်စားကြောင်း အဆိုပါ သုတေသနအစီရင်ခံစာတွင် ထည့် သွင်းဖော်ပြထားသည်။
၂၀၁၅ရွေးကောက်ပွဲတွင် အမျိုး သမီးမဲဆန္ဒရှင်များ တက်ကြွစွာပါဝင် လာစေရန်နှင့် အမျိုးသမီးများ နိုင်ငံ ရေးကဏ္ဍတွင်ပါဝင်လာစေရန် လိုအပ် သည့်တုံ့ပြန်မှုများ ဆောင်ရွက်ရန်ရည် ရွယ်ကာ ယခုအစီရင်ခံစာကို
ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်းလည်း WPA 2015 အဖွဲ့မှ သိရသည်။
#Democracytoday
0 comments:
Post a Comment