12.10.2015
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်ခွဲ၊ နားပွဲကျေးရွာအုပ်စု၊ ဆီးဆော့ကျေးရွာသို့ RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများအား အတင်းအကြပ် လူသစ်စုဆောင်းခြင်း များ ပြုလုပ်နေကြကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။
“ သူတို့တွေက ဒေသခံတွေကို မူးယစ်ဆေးဝါး သုံးစွဲသူတွေရှိရင် ဆေးဖြတ်ပေးမယ်လို့ပြောပြီး လူသစ် ခဏခဏလာစုတယ်၊ လူသစ်စုချင်တော့ မူးယစ်ဆေးဝါးမသုံးစွဲတဲ့ ရွာက လူငယ်တွေကို ဆေးသုံးတယ် စွပ်စွဲပြီး အတင်းခေါ်သွား ကြတယ်၊ အခုလည်း ၃ ဦး ပါသွားတယ်၊ သူတို့ ခေါ်သွားတဲ့လူတွေလည်း တစ်ခါမှ ပြန်ရောက်လာတာမရှိဘူး၊ သူတို့အဖွဲ့ထဲမှာပဲ ခေါ်ထားကြတယ်”ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြော ပါသည်။
RCSS/SSA အဖွဲ့သည် ခိုလမ်မြို့နယ်အပြင် မိုးနဲမြို့နယ်၊ နမ့်စန်မြို့နယ်နှင့် မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများအား ဆက်ကြေးငွေကောက်ခံခြင်း၊ ရိက္ခာတောင်းခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် အတင်းအကြပ်စုဆောင်းထားသည့် လူသစ်များကိုလည်း လွယ်တိုင်းလျှံ ဌာနချုပ်သို့ ပို့ဆောင်၍ စစ်သင်တန်းတက်ခိုင်းနေကြောင်း သိရှိရပါသည်။
RCSS/SSA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများအား မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိဘဲ အကြောင်းအမျိုးမျိုး ပြပြီး လူသစ်စုခြင်း၊ ဆက်ကြေးငွေကောက်ခံခြင်းများ အတင်းအကြပ်ပြုလုပ်နေခြင်း၊ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ရေးထိုးရာတွင် လက်မှတ်မရေးထိုး ဘဲ စောင့်ကြည့် ဦးမည်ဟူသော အကြောင်းပြချက်များ ပြောဆိုနေခြင်းအပေါ် ဒေသခံတိုင်းရင်းသား များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေးအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး ယင်း အဖွဲ့ ၏ လုပ်ရပ်များအပေါ် စိတ်ပျက်လျက်ရှိကြောင်း ရှေ့နေတစ်ဦးမှ ပြောကြားသွားပါသည်။
ခွန်စစ်အောင်
0 comments:
Post a Comment