မောက်မယ်မြို့နယ်တွင် RCSS/SSA အဖွဲ့မှ ဒေသခံရွာသားများအား ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ


1.10.2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပန်တန်ကျေးရွာအုပ်စု၊ ၀မ်မုံကျေးရွာသို့ စက်တင်ဘာ ၂၆
ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့မှရောက်ရှိလာပြီး ဆက်ကြေးငွေများ အတင်အကြပ်ကောက်ခံလျက် ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။

“ သူတို့အဖွဲ့က ရွာထဲကိုဝင်လာပြီး အဆင်ပြေတဲ့အိမ်ကို တစ်သောင်းတောင်းတယ်၊ သိပ်အဆင်မပြေတဲ့
အိမ် ဆိုရင်တော့ ငါးထောင်နှုန်းပဲ တောင်းတယ်၊ ရွာစဉ်ရွာဆက်လိုက်တောင်းနေတာဗျ၊ ရွေးကောက်ပွဲ
အတွက် လူထုကို မဲဆွယ်စည်းရုံး နေတဲ့အချိန်မှာ ခုလို ဆက်ကြေးလိုက်တောင်းနေတော့ ဒေသခံတွေက
 စိတ်ပျက် နေကြတယ်” ဟု ၀မ်မုံရွာသား တစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့သည် မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာများအပြင် မိုင်းပန်မြို့နယ်နှင့် နမ့်စန်မြို့နယ်
အတွင်းရှိ ကျေးရွာများတွင်လည်း ဆက်ကြေးငွေများ ကောက်ခံခြင်းနှင့် လူသစ်စုဆောင်းမှုများကြောင့်
 ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်ရှောင်နေကြကြောင်း သိရှိရပါသည်။

RCSS/SSA အဖွဲ့အနေဖြင့် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး
ထိုးရေး ဆောင်ရွက်နေသည့်အချိန်နှင့် ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးနေသည့်ကာလအတွင်း
 ဒေသခံများအပေါ် ဆက်ကြေးငွေများ ကောက်ခံခြင်း၊ လူသစ်များအတင်း အဓမ္မစုဆောင်းခြင်းများ
ဆက်လက်လုပ်ဆောင် နေမှုများသည် ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်ကြောင်း မောက်မယ်မြို့ခံတစ်ဦးမှ
 ဆက်လက်ပြောကြား သွားပါသည်။

ခွန်စစ်အောင်
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment