တိုက်ပွဲတွေဆက်ဖြစ်နေလို့ အပစ်ရပ်လက်မှတ်ထိုးပွဲကို KNU ဒုဥက္ကဌ မတက်တော့



အောက်တိုဘာ ၁၅ ရက်နေ့မှာလုပ်မယ့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုးပွဲ ဟာမြန်မာပြည်မြောက် ပိုင်းဒေသတွေမှာ လက်ရှိအချိန်ထိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးအခမ်းအနားဆင်နွှဲသလိုဖြစ်နေ တဲ့အတွက် ကရင်အမျိုးသားအစည်း အရုံး (KNU) ဒုတိယဥက္ကဌ ဖဒိုနော်စီဖိုးရာစိန်က အဲ့ဒီပွဲကို တက်ရောက်မှာမဟုတ်ဘူး လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီကြေညာချက်ကို အောက်တိုဘာ ၁၂ ရက်နေ့ရက်စွဲနဲ့ KNU ဌာနချုပ် ကော်သူးလေကနေဖဒိုနော်စီဖိုးရာစိန် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ် ။့ NCA လက်မှတ်ထိုးမယ့်အဖွဲ့နဲ့ လက်မှတ်မထိုးသေး တဲ့ အဖွဲ့အစည်းတွေအတွက် နိုင်ငံရေးအာမခံချက်ရရှိဖို့ ကြိုးစားမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း က ပြောဆို ထားကြောင်း ၊သို့သော် လက်မှတ်ထိုးမယ့် အချိန်နီးလာပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်သူ့အနေနဲ့ များစွာစိုးရိမ်ပြီးစိတ်မကောင်းဖြစ်ရကြောင်း ဖဒိုနော်စီဖိုးရာစိန်က ကြေညာချက်ထုတ်ထားပါတယ် ။

NCAရေးထိုးပွဲကို ဒုတိယဥက္ကဌ ဖဒိုနော်စီဖိုးရာစိန် မတက်ပေမယ့်  KNU ဥက္ကဌ စောမူတူးစေးဖိုးနဲ့ အဖွဲ့ဝင်၁၃ ဦး တက်ရောက်ကြမှာဖြစ်ပါတယ် ။ဒီနေ(့ အောက်တိုဘာ ၁၃ ရက် )မနက်မှာလည်း KNU ဥက္ကဌ စောမူတူးဆေးဖိုးနဲ့ နိုင်ငံတော်သမ္မတတို့ နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment