အစုအဖွဲ့ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ဆိုင်ရာ အစည်းအဝေး ကျင်းပ






5.10.2015


(၇) ကြိမ်မြောက် အလွတ်သဘောဆွေးနွေးတဲ့ အစုအဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အစည်းအဝေး (Multi-Stakeholders Meeting for Framework for Political Dialogue)ကို ဒီကနေ့ မနက်က အင်းလျားလိတ်ဟိုတယ်မှာ ဆွေးနွေးကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)  လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့(UPWC)ကိုယ်စား မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေ၊ နိုင်ငံရေးပါတီအချို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြ ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးကြဖို့ နေပြည်တော် MICC 2 မှာ ကျင်းပမယ့်သဘောတူ လက်မှတ်ရေးထိုးဖို့ အောက်တိုဘာလ ၄ ရက်နေ့က နှစ်ဖက်သဘောတူ ခဲ့ကြပါတယ်။

DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment