မိုင်းလားမြို့သို့ ပို့မည့် ကြက်တူရွေးလိပ်နှင့် သင်းခွေချပ်များ အချိန်မှီ ထိန်းသိမ်းလိုက်နိုင်





17.10.2015

ရှမ်းပြည်နယ် ၊ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် Mobile Team မှ အာရှ၏ အကြီးမားဆုံး သားရဲ တိရစ္ဆာန် ဈေးကွက်ဖြစ်သည့် မိုင်းလားမြို့သို့ တင်ပို့မည့် ကြက်တူရွေးလိပ်နှင့် သင်းခွေချပ်များ အား အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည် ။

အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက Toyota ဒိုင်နာ အမျိုးအစားယာဉ်ဖြင့် အချိုမှုန့်မျိုးစုံ၊ စားဆီ၊ ဆိုင်ကယ် အပိုပစ္စည်း၊ စားသောက်ကုန်မျိုးစုံတို့ သယ်ဆောင်လာသောယာဉ်အား ဖမ်းဆီးစစ်ဆေးရာ အောက်တွင် ထည့်သွင်းသယ်ဆောင်လာသော ကြက်တူရွေးလိပ် ၁၁၈ ကောင်နှင့် သင်းခွေချပ် ၃ ကောင် အား တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်းသိရသည် ။ ကြက်တူရွေးလိပ်မှာ အမြီးပါသည့် လိပ်အမျိုးအစားဖြစ်ပြီး ရှားပါး မျိုးနွယ်ဝင် ဖြစ်ကြောင်း သိရသည်။

မိုင်းလားမြို့ရှိ သားရဲတိရစ္ဆာန်ဈေးကွက်မှာ အာရှတိုက်၏ အကြီးမားဆုံး တိရစ္ဆာန်ဈေးကွက်ဖြစ်ပြီး ၎င်းတို့ တင်ပို့မည့် တိရစ္တာန်များမှာ မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင်နှင့် ရွှေတြိဂံဒေသရှိ လာအိုနှင့် မြန်မာနိုင်ငံ ပိုင် တောနက် အတွင်းမှ တိရစ္ဆာန်များဖြစ်နိုင်ကာ တင်ပို့နေမှုမှာ မည်မျှကြာမြင့်နေကြောင်း ကို မပြောနိုင်ဟု ၎င်းက ဆက်ပြော
သည်။

ဖမ်းဆီးရမိသော တောရဲတိရစ္ဆာန်များအား သစ်တောဦးစီးဌာနသို့ လွှဲပြောင်း၍ တာချီလိတ်မြို့မစခန်းတွင် ယာဉ်အား မောင်းနှင်လာသူ စိုင်းဟောင်ခမ်း ဆိုသူအား သစ်တောထွက် ဥပဒေအရအမှု ဖွင့်လှစ်ဆောင် ရွက်ထားကြောင်း သိရသည်။



The Ladies News Journal
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment