ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တာချီလိတ်ခရိုင်အတွင်း (၁၀)ဦး ၀င်ရွေးခံမည်








19.10.2015

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင် ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ် ပါတီ(ကျားဖြူ)မှ လွှတ်တော် အသီးသီးတွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ရွေးချယ်ခံကြ မှာဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း (၄)ဦး၊ မိုင်းဖြတ်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း (၃)ဦး နှင့် မိုင်းယောင်းမြို့တွင် ကိုယ်စားလှယ်လောင်း (၃)ဦး စုစုပေါင်း (၁၀)ဦး ၀င်ရောက်ကာ ရွေး ချယ်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းအောင်ခမ်းရှဲန် မှ လည်းကောင်း၊ အမှတ် - ၁ မဲဆန္ဒနယ် မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဦးစိုင်းကောင်ခမ်းမှ လည်းကောင်း၊ အမှတ် - ၂ မဲဆန္ဒနယ် မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်နန်းငွေမြ မှ လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစန်းအောင်မှ လည်းကောင်း အသီးသီး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်နန်းအေးသန္တာ မှ လည်းကောင်း၊ အမှတ် - ၁ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဦးစိုင်းခမ်းကျန် မှ လည်းကောင်း၊ အမှတ် - ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဦးစိုင်းခမ်းခေါင် မှ လည်းကောင်း အသီးသီး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်။

မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဦးစိုင်းစောတင် မှ လည်းကောင်း၊ အမှတ် - ၁ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးစိုင်းခမ်းချစ်မှ လည်းကောင်း၊ အမှတ် - ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်နန်းမြမြလွင် မှ လည်းကောင်း အသီးသီး ၀င်ရောက်ယှဉ်ပြိုင် မှာ ဖြစ်သည်။

ယင်းအပြင် ကျားဖြူပါတီမှ တိုင်းရင်းသားရေးရာကဏ္ဍ တွင် ဗမာတိုင်းရင်း သားရေးရာ ကိုယ်စားလှယ်လောင်း အဖြစ် ဦးမင်းထွန်းအောင်မှ ၀င်ရောက် အရွေးချယ်ခံမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ပါတီ(၈)ခုမှ ၀င်ရောက် ရွေးချယ်ခံသူ (၆၃)ဦးနှင့် တစ်သီးပုဂ္ဂလမှ (၁)ဦး စုစုပေါင်း (၆၄)ဦးရှိကြောင်း သိရှိရသည်။

Tachileik News Agency
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment