တစ်ရက်တည်း တအာင်းဒေသ နေရာအနှံ့တွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား ပြီး မြန်မာ့တပ်မတော်မှ ၁၀ ဦး ထက်မနည်း ကျဆုံး ရွာသား ၂ ဦး ဒဏ်ရာရ



13.10.2015
တအာင်းဒေသ နေရာအနှံ့တွင် မြန်မာ့တပ်တော်၏ ထိုးစစ်ဆင်လာမှုကြောင့် ယနေ့တစ်ရက်တည်းမှာပင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက်အပြန်အလှန် ရင်ဆိုင်တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။
မြန်မာ့တပ်မတော်ဖက်မှ ၁၀ ဦးထက်မနည်းကျဆုံးသည်။

မိုးမိတ်မြို့နယ်၊ မော်လုံကျေးရွာနှင့် မော်နွှဲကျေးရွာကြား နံနက် ၀၇း၀၀ နာရီ တိုက်ပွဲဖြစ်ပြီးအပြီး တွင် မြန်မာ့တပ်မတော်မှ ၄င်းတို့၏စစ်ကြောင်းများနှင့် အတူ မော်လုံရွာသားများအား ပေါ်တာခေါ်သွားပြီး ညနေ ၁၅း၄၅ နာရီ၌ တိုက်ပွဲထပ်မံဖြစ်ပွားရာ အဆိုပါတိုက်ပွဲတွင် မြန်မာ့တပ်မတော် မှ ခေါ်ဆောင်လာ သည့်ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်။

တစ်ရက်တည်းတွင် မြန်မာ့တပ်မတော်မှ တအာင်းတပ်မတော်၏ လှုပ်ရှားစခန်းနေရာ အတော်များများ ထိုးစစ်ချီတက်လာရာ နံနက် ၀၇း၀၀ နာရီတွင် မိုးမိတ်မြို့နယ်၊ မောလုံ-မောနွှဲကြားတွင် လည်းကောင်း၊ နေ့ လည် ၁၀း၃၀ နာရီတွင် ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာအနီးတွင်လည်းကောင်း၊ ညနေ ၁၃း၁၅ နာရီ အချိန်တွင် နမ့်ဆန်မြို့နယ်၊ ပန်လောအနီးတွင် လည်းကောင်း၊ ညနေ ၁၃း၃၀ နာရီတွင် ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေး ရွာနှင့် ကော်ပေါင်ကျေးရွာကြားတွင်လည်းကောင်း၊ညနေ ၁၅း၄၅ နာရီတွင် မိုးမိတ်မြို့နယ်၊ မော် လိုကျေးရွာနှင့်မန်ထန်ရွာကြားတွင် လည်းကောင်း နေရာဒေသအနှံ့အပြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့သည်။

မြန်မာ့တပ်မတော်ဖက်မှ စစ်ကူအင်အား ဆက်လက်ဖြည့်တင်းနေပြီး တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်။


သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment