တိုက်ပွဲဖြစ်နေသည့် မံစီဒေသအတွင်း ကျေးရွာအုပ်စု ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပမည်



1.10.2015

အစိုးရတပ်မတော်နှင့် ကေအိုင်အေကချင်လွတ်မြောက်ရေးအဖွဲ့တို့အကြားတိုက်ပွဲများ ဖြစ်ပွားနေ သည့် မံစီမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပမည် ဖြစ် ကြောင်း မံစီမြို့နယ် ရွေးေ ကာက် ပွဲကော်မရှင် ဥက္ကဌ ဦးမြင့်မောင်က ပြောသည်။

“ကျနော်တို့က တချို့ ကျေးရွာအုပ်စုတွေကို နဂိုကတည်းက ကေ အိုင်ေ အတို့ဘာတို့ ရှိနေတဲ့အတွက် မဲစာရင်းသွားမကောက်ထားဘူး အဲဒီတော့ မဲစာရင်းကောက်ထားတဲ့ ၂၄ အုပ်စုမှာကိုပဲ ရွေးကောက်ပွဲ ကျင်းပ မယ်။ မြို့ပေါ်ကတော့ ရပ်ကွက်အားလုံး ကျင်းပဖြစ်မှာပါ။” ဟု ဦးမြင့်မောင် က ပြောသည်။

လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသည့် ဂျေဆန်း၊ ခါနမ်ကျေးရွာအုပ်စု ကဲ့သို့သော ကျေးရွာအုပ်စု များတွင်မူ ရွေးကောက်ပွဲပြုလုပ်ရန် ယခင် က တည်းက လျာထားခြင်း မရှိပဲ လတ်တလော တိုက်ပွဲများ အတွက် စစ်ေ ဘးရှောင်များ ယာယီခိုလှုံနေသည့် မိုင်းခေါင် ကျေးရွာအုပ်စုတွင် မူ ရွေးေ ကာက်ပွဲ ကျင်းပရန် ရှိနေကြောင်း သိရသည်။ မံစီမြို့နယ်အတွင်း တိုက် ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် ရွေးကောက် ပွဲပြုလုပ်နိုင်ခြင်း မရှိ သည့် ဒေ သအများစုတွင် နေထိုင်သူများမှာ ကချင်နှင့် သျှမ်းတိုင်းရင်း သား များ နေ ထိုင်ရာ ဒေသများဖြစ်ပြီး အဆိုပါ ဒေသများတွင် ရွေးကောက် ပွဲကျင်းပနိုင်ခြင်း မရှိသည့် အတွက် တိုင်းရင်းသားပါတီများအတွက် နစ်နာမှုများ ရှိနိုင်ကြောင်း မံစီမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရည် ရွယ်ထားသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းဇင်မင်းအေး က မှတ်ချက်ပြု ပြောဆိုသည်။

လတ်တလောအတွင်းမှာပင် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်တွင် လုံခြုံရေး အရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ကရင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က ကြေငြာထား သည်။

#သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment