တိုင်းရင်းသားစာစောင် များ လေးမျက်နှာစရိတ် ပြန် ကြားရေး ထောက်ပံ့မည်



ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် ကိုတွေ့ရစဉ်


တိုင်းရင်းသားဘာသာစကားတွေနဲ့ ထုတ်ဝေနေတဲ့ ဂျာနယ်တွေ၊ စာစောင်တွေကို ပုံနှိပ်ရာမှာ စာမျက်နှာ လေးမျက်နှာစာ ကုန်ကျစရိတ်ကို အစိုးရ ကထောက်ပံ့ပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က ပြောပါ
တယ်။
ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ပြုလုပ်တဲ့ အရပ်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီး
ဦးရဲထွဋ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"စာမျက်နှာအနည်းဆုံး ၄ မျက်နှာလောက်ပံ့ပိုးပေးမယ်၊ စာမျက်နှာ ၄ မျက်နှာ စာငွေထုတ်ပေးမယ်ပေါ့ဗျာ၊ စာမျက်နှာ ၄ 
မျက်နှာမှာ ခင်ဗျားတို့က ၁ မျက်နှာအစိတ်အပိုင်းတစ်ခုကိုတော့ မြန်မာ့အလင်းနဲ့ ကြေးမှုံမှာပါတဲ့ အထဲက ကြိုက်တာကို
ယူသုံး၊ ကျန်တဲ့ ၃ မျက်နှာမှာကိုယ်ကြိုက်တဲ့သတင်းကိုယ်ထည့်၊ပြီးတော့ ဘာပြန်လုပ်ပေး မလဲဆိုတော့ ခင်ဗျားတို့ဂျာနယ်မှာပါတဲ့ သတင်းထဲက ကျနော်တို့ သတင်းစာ မှာထည့်သင့်တာကို ကျနော်တို့ပြန် ယူသုံးမယ်"
ဒီလိုထောက်ပံ့ပေးဖို့ စီစဉ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်ပြီး နောက်အစိုးရ လက်ထက်မှာလည်း လုပ်ပေးရမယ်လို့ ပြောပါတယ်။

တိုင်းရင်းသားမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကိုလည်း လာမယ့်အောက်တိုဘာလ ၁၃ ရက်နေ့ နေပြည်တော်မှာ
 ကျင်းပမယ်လို့လည်း ပြောပါ တယ်။ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားပုံနှိပ်မီဒီယာရှစ်ဖွဲ့ကို ဖိတ်ခေါ်ထားပြီး
ကျန်နေသေးတဲ့ ကလေးမြို့နဲ့ ချင်းပြည်နယ်အခြေစိုက် တိုင်းရင်းသား ပုံနှိပ်မီဒီယာတွေကိုလည်း ဖိတ်ခေါ်ထား ပါတယ်။
ပြည်ထောင်စုဝန်ကြီးက ကလေးမြို့ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် နိုင်ငံတော်က စီစဉ်ထားတဲ့ 
အစီအစဉ်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။

‪#‎RFA‬ Burmese

Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment