RCSS/SSA အဖွဲ့မှ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာများအား လူသစ်နှင့် ဆက်ကြေးငွေများကောက်ခံ
28.9.2015
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ နားခံကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်နေ့က RCSS/SSA အဖွဲ့တစ်ဖွဲ့မှ လူသစ် စုဆောင်းခြင်းနှင့် ဆက်ကြေးငွေများကောက်ခံခြင်းများပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
“ RCSS/SSA အဖွဲ့ ကျွန်တော်တို့ရွာကို စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီလောက် ရောက်လာ တယ်၊ ရောက်တာနဲ့ အုပ်ချုပ်ရေးမှူးခေါ်ပြီး ဆက်ကြေးငွေ တစ်အိမ်ထောင် ၁၀၀၀၀ ပေးရမယ် ဆိုပြီး တောင်းတယ်၊ ကျွန်တော်တို့ရှာဖွေ စုဆောင်းထားတဲ့ငွေကို ကျွန်တော်တို့က မသုံးရဘူး သူတို့အဖွဲ့ပဲပေးနေရတယ်၊ ဆက်ကြေးကိုလည်း အရင်ကထက် ပိုပြီးကောက်တယ်၊ လူသစ် စုဆောင်းတော့လည်း အသက်အရွယ်ကြီးသူ ကျား/မ မရွေး ၁၀ နှစ်နဲ့ အထက် ကလေးလူငယ် အားလုံးကိုလည်း လူသစ်အဖြစ် စုဆောင်းနေတယ်၊ ဆက်ကြေးကောက်တော့လည်း ငွေမပေးနိုင်ရင် ရှိတဲ့ ကြက်၊ ၀က်၊ ကျွဲ၊ နွား အကုန်ယူတယ်၊ ဒီလိုသာ ဆက်ကြေးကောက်လိုက် လူသစ်စုလိုက် မကြာခဏပြုလုပ်နေမယ်ဆိုရင် RCSS/SSA အဖွဲ့ ကျွန်တော်တို့ရှမ်းပြည်နယ်မှာ မရှိသင့်ဘူး” ဟု နားခံကျေးရွာသားတစ်ဦးမှ ပြောပါသည်။
RCSS/SSA အဖွဲ့အနေဖြင့် ရှမ်းပြည်နယ်တိုးတက်ရေးအတွက်ဆိုပြီး အကြောင်းပြကာ လူသစ်နှင့် ဆက်ကြေး ဘယ်လောက်ပဲ ကောက်ကောက် ရှမ်းပြည်နယ်ကြီးက မတိုးတက်သည့် အပြင် ဒေသခံ တိုင်းရင်းသားများ၏ ဘ၀မှာလည်း ဆင်းရဲတွင်း နက်သထက် နက်နေကြောင်း မိုးနဲမြို့ခံတစ်ဦး က ပြောကြားသွားသည်။
စိုင်းသီဟ
0 comments:
Post a Comment