အပစ်ရပ်ဖို့အဆင်သင့်ဟု RCSS ကြေငြာသည့်နောက်ပိုင်း ဒုတိယအကြိမ်တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်



8.9.2015

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့ မိုင်းပွန် အရှေ့ဘက်တွင် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်တို့ကြားယမန်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး နှစ်ဘက် တပ်များအကျအဆုံးရှိသည်ဟု ဆိုသည်။

စက်တင်္ဘာ ၇ ရက် ညနေ ၅ နာရီကျော်မှ ည ၆ နာရီကျော်အထိလွယ်လင်မြို့ နယ် မိုင်းပွန်မြို့ အရှေ့ဘက် ၁၀ မိုင်အကွာ နမ့်မော်လင်လိန်ရွာ အနောက် ဘက် ဆမ်ပူးကျေးရွာအနီးတွင်တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ သျှမ်း ပြည် တပ် မတော် RCSS/SSA ၏ စစ်ကြောင်းအား အစိုးရတပ်မတော် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ လွယ်လင် ခလရ ၁၂ က လိုက်လံ ပိတ်ဆို့ရာမှ နှစ်ဘက်တိုက် ပွဲဖြစ်ပွားရ ကြောင်း၊ တိုက်ပွဲ ကြောင့် နှစ်ဘက်တပ် သေကြေထိခိုက်ဒဏ်ရာရာရရှိသူ ၈ ဦးထက်မနည်း ရှိကြောင်း ဒေသအတွင်းသတင်း ရပ်ကွက်ကပြောသည်။

“ အစိုးရတပ်ဘက်က ၇ ဦး ဒဏ်ရာရရှိတယ်။ အဲဒီအထဲမှာ သူတို့ရဲ့ အရာရှိတဦးနဲ့ တပည့် ၂ ဦး ကျတယ်။ RCSS ဘက်က တယောက်ကျ တယ်ပြောတယ်။ ” - ဟု နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။
အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက ဟုတ်မှန်ကြောင်း ဤကဲ့သို့ အတည်ပြုသည်။
“ အခုဖြစ်တာက တပ်မတော်ကနေ နယ်မြေစိုးမိုးရေးကြောင့်ဖြစ်တာ၊ ဒီဟာတွေ လုပ်နေသရွေ့ တော့ တိုက်ပွဲက ဖြစ်ပွားနေမှာဘဲ။ ဒီကိစ္စက UPWC ကိုလဲ ပြောထားတယ်။ အဓိကကတော့ ဒီငြိမ်း ချမ်းရေးဖြစ်စဉ် သွားနေစဉ်အတွင်း နှစ်ဘက်တပ်နေရာ အတည်တကျမထားနိုင်သေးခင်အထိ တိုက်ပွဲ မဖြစ်ဖို့ အဓိက ရှောင်ရှား ကြဖို့ ပြောတယ်။ အခု လဲ ရှောင် ရင်း ဖြစ်ရတယ်။ တပ်မတော်ရဲ့ နယ်မြေ စိုးမိုးရေးကြောင့်ပဲဖြစ်တာ” - ဟု ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

တိုက်ပွဲကြောင့် နှစ်ဘက်အကျအဆုံးနှင့်ပတ်သက်၍ သျှမ်းပြည်တပ် မတော် ဘက်က အတည်ပြုပေးခြင်း မရှိ ပေ။ တိုက်ပွဲဖြစ်ပွားရာဒေသတွင် အစိုးရ တပ်မတော်ဘက်မှ တပ်ဆုတ်ပေးလိုက်ရသည့် အပေါ် နယ်မြေ ပြန် လည် စိုးမိုးမှု ရရှိရေးအတွက် ခိုလမ်မြို့အခြေစိုက် အရှေ့အလယ် အပိုင်းတိုင်း စစ် ဌာန ချုပ် လက်အောက် ခံတပ်များက အဆိုပါ ဒေသဘက် အင်အား ထပ်ဖြည့်နေကြောင်း ဒေသခံများကပြောသည်။

ဩဂစ်တ် ၁၇ ရက်နေ့တွင် အစိုးရ နှင့် တတိုင်းပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်လက် မှတ်ရေး ထိုးရန် သျှမ်းပြည်တပ်တော်က အဆင့်သင့်ဖြစ်နေပြီဟု KNU, KNLA – PC , DKBA စသည့် ကရင် လက်နက် ကိုင်တပ်ဖွဲ့များ နှင့်အတူ ပူးတွဲကြေငြာချက်ထုတ်ပြန်ထားသည်။
ထို့နောက်ပိုင်းတွင်လည်း သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင်ေ ကျး ရွာအုပ်စု ဘက်တွင် လည်း တိုက်ပွဲ ပထမ အကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံ လူထု ၇ ဦးအားလည်း အစိုးရ တပ်ဘက်က ဖမ်းဆီးေ ခ်ါဆောင်သွားသည့် ဖြစ်စဉ်လည်းဖြစ်ခဲ့ ဖူးသည်။

သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment