တပ်မတော်နှင့် NLD ပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် အဖွဲ့ချုပ်ပူေးပါင်းကာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုသည်ဟု စက်တင်ဘာ ၂၁ရက် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မဲဆွယ်စည်းလိုက်သည်။
"ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုကြီးရဲ့ အနာဂတ် တည်ငြိမ် တောက်ပရေးကို လိုလားတဲ့နေရာမှာ တပ်မတော်နဲ့ ကျွန်မတို့ အကြား လုံးဝကွဲပြားမှုမရှိဘူးလို့ ယုံကြည်ပါတယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှ စက်တင်ဘာ ၂၁ရက် ည ၇နာရီအချိန် တွင် မဲဆွယ်စည်းရုံးစဉ် ဟောပြောခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ၂၀၁၅ အလွန် အစိုးအဖြစ် ဖွဲ့စည်းနိုင်ပါကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ် သည့် နိုင်ငံရေး ဆွေးနွေးပွဲကို မိမိတို့အနေဖြင့် တာဝန်ယူ ဆောင်ရွက်လိုသည်ဟုလည်း ပြောကြားခဲ့သည်။
"ဒုတိယအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမှာက နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမှာ ပေါ်ထွက်လာမယ့် အစိုးရပဲ ဖြစ်ပါတယ်။ ပြည်သူက လိုလားထောက်ခံရင် ဒီတာဝန်ကို NLD က ထမ်းဆောင်ဖို့အသင့်ပါပဲ။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ရည်ရွယ်ချက်ကို လွန်ခဲ့တဲ့ ၂၇နှစ်အတွင်း အန္တရယ် အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ရပေမယ့် လုံးဝ လက်မလွှတ်ခဲ့ပါဘူး" ဟုလည်း ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့်လည်း နိုင်ငံရေး သဘောတူညီချက်များ ကို နောက်အစိုးရဖြင့်သာ သဘောတူညီချက်များ ရယူနိုင်ကြောင်း ဦးအောင်မင်းကလည်း ဆိုထားသည်။
NLD သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၁၁၃၀ဖြင့် ၀င်ရောက်ကာ အစိုးရဖွဲ့စည်း နိုင်သည်အထိ အနိုင်ရရှိမည်ဟု မျှော်မှန်းထားသည့် အတိုက်အခံပါတီဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment